ပရိသတ်က အကယ်ဒမီ ရစေချင်ကြတယ် ဆိုရင် ရအောင် ကြိုးစားသွားပါမယ် လို့ ကတိပေးလိုက်တဲ့ သရုပ်ဆောင် ဟိန်းဝေယံ

0
432

ပရိသတ်အခိုင်အမာရှိပြီးသား မင်းသားတစ်ယောက်။ ပြီးတော့ အနုပညာ သက်လည်း တဖြည်းဖြည်းများလာပြီ။ ပရိသတ်က ဘယ်တော့လောက် များ အကယ်ဒမီဟိန်းဝေယံ ဆိုပြီး တွေ့မြင် ရမလဲ ဆိုတဲ့ မေးခွန်း ကို ‘ဝိညာဉ်စိမ်း’ Press Show မှာ သူနဲ့ တွေ့ဆုံခိုက် မေးဖြစ်ခဲ့ တာပါ။

”ပရိသတ်တွေက ကျွန်တော့်ကို အဲဒီလိုမြင်ချင်ကြတယ်၊ ဖြစ်ချင်ကြ တယ်ဆိုရင် ကျွန်တော် အဲဒီလိုဖြစ် အောင်ကြိုးစားမှာပါ”လို့သူက ကတိ ပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂နှစ် လောက်က ဟိန်းဝေယံပါဝင် ရိုက်ကူး ထားတဲ့ ‘ဝိညာဉ် စိမ်း’ရုပ်ရှင် ဇာတ်ကား ကြီးကမကြာမီ ရုံတင် ပြသပါတော့မယ်။ သေချာတာကတော့ ပရိသတ်ကို ကြောက် လန့်အောင် ခြောက် လှန့်တဲ့ သရဲကား မဟုတ်ဘူး။ တမလွန် ဘဝ နဲ့ လက်ရှိပစ္စုပန် ၂ခုကို ချိန်ထိုး ပြထားတဲ့ မိသားစုဒရာမာ လ ဇာတ်ကားလေး။ ဒီ အထဲမှာ ဟိန်းဝေယံက အငယ်ဆုံးသားအဖြစ် ကာရိုက်တာ တစ်ခုကနေ သရုပ်ဆောင်ထားတာပါ။ သူပါဝင်သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်စရိုက်နဲ့ ပတ်သက်ပြီးသူပြောပြတာက…..

”ဒီဇာတ်ကားထဲမှာ ကျွန်တော် က အနုပညာကို အလွန်ဝါသနာပါတဲ့ သူတစ်ယောက်၊ အနုပညာကို ဝါသနာပါလို့ ကျွန်တော်မြို့တက်ပြီးတော့မှ ကျောင်းသွားတက်တဲ့ကာရိုက်တာမျိုး။ ဒါပေမဲ့ လိမ္မာတဲ့ သားထဲမှာတော့မပါဘူး။ ဆိုးတယ်ပေါ့နော်။ ဆိုးတဲ့အထဲမှာပါတယ်။ ဒါပေမဲ့ သရဲတော့ကြောက် တတ်တယ်(ရယ်လျက်)။ ဆိုးတယ်ဆိုပေမယ့် သရဲတော့ ကြောက်တတ်တယ်။ အဲဒီလိုကာရိုက် တာမျိုးပေါ့ နော်။ ဟာသလေး နည်းနည်းနှောထားတဲ့ပုံစံလေးတွေ ပါပါတယ်” လို့ ပြောပါတယ်။ ဝါရင့် သရုပ် ဆောင်ကြီးတွေဖြစ်တဲ့ ကျော်သူနဲ့ ရန်အောင်၊ ပြီးတော့ ညီအစ်ကိုတွေအဖြစ် သရုပ်ဆောင်ထား ကြတဲ့ မင်းမော်ကွန်း၊ ကျော်ကျော်ဗိုလ်၊ မြင့်မြတ်တို့ကြောင့် ပျော်ရွှင်ဖွယ်အမှတ်တရတွေများစွာရှိခဲ့ ကြောင်းလည်း ဟိန်းဝေယံက ပြန်လည်ပြောပြပါတယ်။ လူသားတွေမ မြင်နိုင်တဲ့ ပရလောကဆိုတာကိုရော ဟိန်းဝေယံယုံကြည်လား၊ ပြီးတော့ ‘ဝိညာဉ်စိမ်း’ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးစဉ်မှာ အနှောင့်အယှက်တွေ ဘာတွေရှိခဲ့သေးလားလို့ မေးဖြစ်တဲ့ အခါ…..

”ဒီဇာတ်ကားရိုက်ကူးတုန်းက တော့ မှတ်မှတ်ရရ တစ်ခုတော့ဖြစ် ခဲ့တယ်။ ကျွန်တော်တို့ သားလေး ယောက်ပေါ့နော်။ ကျွန်တော်ရယ်၊ ကိုမြင့်မြတ်ရယ်၊ ကိုကျော်ကျော် ဗိုလ်ရယ်၊ ကိုမင်းမော်ကွန်းရယ် သားလေးယောက်ကို အဖေ ဦးရန် အောင်နဲ့တွေ့တဲ့အချိန် အဲဒီဆင်း(န်)လေးရိုက်တဲ့အခန်းပေါ့။ အဲဒီ ဆင်း(န်)လေး တည်တဲ့အချိန်မှာ လေကတအားကို လေပြင်းသဘောမျိုး တော်တော်လေးကိုတိုက်တယ်။ ပြီးရင် ခဏနားရတယ်ပေါ့။ ပြန်ရိုက် ကူးဖို့အတွက် ပြန်စီစဉ်လို့ရှိရင် ပြန်တိုက်တယ်။ အဲဒါ သုံးခေါက်၊ လေးခေါက်လောက်ဖြစ်တယ်။ အဲဒါကတော့ မှတ်မှတ်ရရတစ်ခုအ နေနဲ့ဖြစ်တာပေါ့နော်။ ဒါကတော့ တိုက်ဆိုင်တာပဲလား၊ ဘယ်လိုလဲတော့ ကျွန်တော်သေသေချာချာမသိပါဘူး။ ပြီးရင်နောက်တစ်ခု ပြောချင်မှာက ဝိညာဉ်လောက၊ သရဲဆိုတာလက်ခံလားလို့မေးတာကို ဖြေရမယ်ဆိုရင် ဒါဟာဘုရား ဟြော>ွမက်ကြားတဲ့ တရားတော်တွေထဲမှာလည်းပါပြီးသားပါ။ သူက ပြိတ္တာလို့ပြောလို့ရပါတယ်။ ရှိတယ် ဆိုတာကို လက်ခံပါတယ်” လို့ ဟိန်း ဝေယံကပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here