ရုပ်ရှင် ရိုက်ကူးဖို့ ထပ်မံ ကမ်းလှမ်းမှုတွေ ရှိပေမယ့် ဆုံမှတ် တစ်ခုကို စောင့်နေတဲ့ ရဲရင့်အောင်

0
457

‘ငါ့ကို နမ်းတဲ့ မုန်တိုင်း’ ရုပ်ရှင်ဇာတ် ကားကြီးရုံတင်ပြသအပြီး ထင်ပေါ်ကျော်ကြား သွားတာကတော့ ရဲရင့်အောင်လို့ ပြောလို့ ရပါတယ်။ သူ့ကို မုန်းတဲ့ သူတွေအတွက် အမြင်ကတ်စရာကောင်းလောက်အောင် ရဲရင့်အောင်က သရုပ်ဆောင်ပြသွားသလို ချစ်တဲ့ ပရိသတ်တွေအတွက်ကိုလည်း ‘ရဲရင့်အောင် သရုပ်ဆောင်ကောင်းတယ် နော်’ဆိုပြီး ချီးမွမ်းခံရလောက်အောင် သူ ပါဝင်သရုပ်ဆောင်ရတဲ့ ‘သြရထူး’ ဆိုတဲ့ ဇာတ်ကောင် ကာရိုက်တာက ပီပြင်သွားခဲ့ပါ တယ်။ ဇာတ်ကားရုံတင်ပြသအပြီး တစ်လ ပြည့်တဲ့အချိန်မှာ သူနဲ့ပြန်တွေ့ဖြစ်တော့ ‘သြရထူး’ အကြောင်း ပြောဖြစ်ခဲ့တာပါ။

”ကျွန်တော့်ကို အားပေးကြ တော့ ပျော်တယ်ပေါ့နော်။ အဓိကက ကျွန်တော့်ကို အဲဒီလောက်မလုပ် နိုင်ဘူးလို့ ထင်တဲ့သူတွေ များတာကိုး။ တကယ့်တကယ်မှာ ကျွန်တော် လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်” လို့ ရဲရင့် အောင်ကဆိုပါတယ်။

နောက်ထပ်ကမ်း လှမ်းမှုတွေကော ရှိပြီလား လို့ဆိုတော့…..

”ကမ်းလှမ်းတာတွေတော့ရှိပါ တယ်။ ဒါပေမဲ့ ကျွန်တော်လက်မခံရ သေးပါဘူး” လို့ သူက ပြောပါတယ်။

ဒါဆို ရဲရင့်အောင်က ဘယ်လိုကာ ရိုက်တာမျိုးဆို လက်ခံဖြစ်မှာလဲလို့ ထပ်မံမေးမြန်းတော့…..

”ကျွန်တော်က သမားရိုးကျ မလုပ်ချင် ဘူး။ သမားရိုးကျထဲက တအားကြီးခွဲထွက် ရင်လည်း ဒီက ဈေးကွက်နဲ့ အဆင်မပြေမှာ စိုးရိမ်ရတယ်။ ဒါကကျွန်တော့်အတွက်မ ဟုတ်ဘူးလေ။ ထုတ်လုပ်သူတွေ ဘက်က တွေးရတာပေါ့။အဆင်ပြေရင်၊ သင့်တော်ရင် တော့ ရိုက်ကူးမယ်” လို့ ရဲရင့်အောင်က ပွင့်ပွင့်လင်းလင်းပြောပြပါတယ်။

စီးရီးခွေ ထွက်ဖို့လည်း နီးလာပြီထင်တယ် နော်လို့ဆိုတဲ့ အခါ…..

”နည်းနည်းနီးလာပြီ။ ဒါပေမဲ့ လိုတော့ လိုသေးတယ်။ အသံသွင်းတဲ့ ကိစ္စတွေမှာ အဆင်မပြေတာတွေ ပြန်ပြင်တယ်။ ပြန်ပြီး တော့ ကြိုးစား တယ်။ အဲဒါတွေလုပ်နေပါတယ်။ ကျွန်တော့်ကို သီချင်းဘက်မှာရော၊ ရုပ်ရှင် ဇာတ်ကားကြီးဘက်မှာရော အားပေးခဲ့တဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ထပ်ပြီး ကြိုးစားနေပါတယ်” လို့ ရဲရင့်အောင်က ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here