ဦးကိတ္တိသာရ အသက် ၇၁နှစ်ပြည့် မွေးနေ့အလှူ

0
181

ဦးပဉ္စင်းဦးကိတ္တိသာရ (သရုပ် ဆောင် ကျော်ဟိန်း)ရဲ့ ဇူလိုင် ၁၄ ရက်နေ့မှာ ကျရောက်မယ့် အသက် ၇၁ နှစ်ပြည့် မွေးနေ့အလှူအဖြစ် ကျပ်သိန်း ၁၅၀ ကို ရာသက်ပန် ပဒေသာပင် စိုက်ထူမတည်၍ သက်ကြီးရွယ်အိုသရုပ်ဆောင်များ၊လူကြမ်းသရုပ်ဆောင်ကိုလူချောများကိုကျေးဇူးဆပ်သွားမယ်လို့ သိရပါတယ်။ မနှစ်ကဦးပဉ္စင်းဦးကိတ္တိသာ၏ရမွေးနေ့အလှူနဲ့ပတ်သက်ပြီး ကို လူချောအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်က…

” ဦးကျော်ဟိန်းနဲ့တွဲပြီး သရုပ် ဆောင်ခဲ့တဲ့ လူကြမ်းသရုပ်ဆောင် ၆ဝ ကို တစ်ဦးကို ကျပ် ၁ သိန်းစီ ပေါ့။ အဲဒီသရုပ်ဆောင်တွေကတော့ ဦးစားပေးပေါ့။ ကျန်တဲ့ လူကြမ်း အငယ်တွေကိုကျတော့ တစ်ဦးကို ၅ သောင်းပေါ့။ ဦးအောင်ခိုင်တို့ပဲ စီစဉ် ပေးရတာပါပဲ။ အလှူငွေအပြင် ဆန် ရော အဝတ်အစားရောဆိုရင် သိန်း ၁၅ဝ ကျော်လောက်ရှိတယ်” လို့ ပြောပြပါတယ်။

ဦးပဉ္စင်းဦးကိတ္တိသာရက ယခင် နှစ်မွေးနေ့တုန်းကလည်း လူကြမ်း သရုပ်ဆောင်တွေကို ငွေလှူဒါန်းခဲ့ပါ သေးတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here