လူရွှင်တော်ကြီး ဦးမန်းကျော် နေအိမ်တွင် ချော်လဲပြီး ဘယ်လက်ကျိုး

0
202

လူရွှင်တော်ကောင်းကျော်ရဲ့ ဖခင်လူရွှင်တော်ကြီး ဦးမန်းကျော်က နေအိမ်မှာ ချော်လဲပြီး လေဖြတ်ထားတဲ့ဘက်က လက်နဲ့ထောက်မိပြီး ဘယ်ဘက်လက်ကျိုးသွားကြောင်း သိရပါတယ်။ သျှင်ပါကူဆေးရုံမှာ တက်ရောက်ကုသမှုခံယူခဲ့ပြီး အခုအချိန်မှာတော့ နေအိမ်ကို ပြန်လည် ရောက်ရှိနေပါပြီ။

”အဖေချော်လဲပြီး လက်ကျိုးသွားလို့ ဆိုပြီး ညီမလေးက ဖုန်းဆက်ပြီး လှမ်းပြောတော့ အရမ်းစိတ်ပူသွားပြီး ဆေးရုံကို လိုက်သွားတာ။ မိုးကကြီး၊ ကားတွေက ပိတ်နဲ့ ၂ နာရီလောက် အချိန်ကုန်သွားခဲ့တယ်။ ဆေးရုံရောက်ခါနီး ညီမလေးကို ဖုန်း ဆက်တော့ အိမ်ပြန်နေပြီတဲ့။ ဒါနဲ့ အိမ်ကို ပြန်လှည့်ပြီး အဖေ့အိမ်ကို ရောက်တော့ အဖေဘယ်လိုဖြစ်တာလဲ ဘယ်လိုနေလဲ ဆိုတော့ ဖြစ်စဉ်ပြောပြတော့ စိတ်ထဲမကောင်းလိုက်တာ။ ပြီးတော့ အဖေက ပြောသေးတယ်။ လက်ကျိုးတာ ကိစ္စမရှိပေမယ့် ဒီနေ့အောင်လအန်ဆန်းကို စိန်ခေါ်ထားတာ သူနဲ့ မထိုးလိုက်ရ တာကို စိတ်မကောင်းဘူးတဲ့လေ။ သြော်လူရွှင်တော်ဆိုတဲ့အတိုင်း ပြက်လုံးကတော့ တန်းမြင် နေတဲ့ အဖေလူရွှင်တော်ကြီးပါ’လို့ လူရွှင်တော်ကောင်းကျော်က ဖခင်ဖြစ်သူရဲ့ အခြေအနေ ကို ပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here