နှစ်ကာလများစွာတိုင် အောင်မြင်နေဆဲ မင်းသား နိုင်းနိုင်း ပါဝင်ရိုက်ကူးမယ့်ရုပ်ရင်ဇာတ်ကားသစ်အကြောင်း

0
156

ရုပ်ရှင်ချစ်ပရိသတ်တွေ အစဉ်တစိုက်အားပေးလာကြတဲ့ အနုပညာရှင်တွေထဲမှာ နိုင်းနိုင်းဆိုတဲ့ မင်းသားလည်း အပါအဝင်ဖြစ်တယ်။ ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်တာ နဲ့အညီ သရုပ်ဆောင်ကောင်းတယ်ဆိုတာ အထူးအထွေပြောနေဖို့ မလိုတော့ပါဘူး။ အခုခေတ်လို ရုပ်ရှင်၊ ရုပ်ရှင်ဆိုတဲ့ခေတ်မှာ နိုင်းနိုင်းက တန်းတစ်ခုသတ်မှတ် ပြီးရိုက်ကူးတယ်။ ဖြစ်ကတတ်ဆန်းရိုက်ကူးတတ်တဲ့သရုပ်ဆောင်တွေ ထဲမှာ နိုင်းနိုင်းမပါပါဘူး။ မကြာခင်လပိုင်းအတွင်းကမှ ရုံတင်ပြသ ခဲ့တဲ့ “ဒုဋ္ဌဝတီကိုလွန်၍” ရုပ်ရှင်ဇာတ်ကားဟာ ပရိသတ်အတွက် အသစ်အဆန်းဖြစ်ခဲ့တယ်။ ဝက်ဝက်ကွဲအောင်မြင်ခဲ့တယ်။ နိုင်းနိုင်းနဲ့တွေ့ဆုံလို့ မေးကြည့်တော့…

“ပရိသတ်ကို ကျွန်တော့်ရင်ထဲကနေ တကယ့်ကိုလှိုက်လှိုက် လှဲလှဲကျေးဇူးတင်ပါတယ်။ ဒီလိုမျိုးအမြင်တစ်မျိုးပြောင်းသွားတဲ့အပေါ်မှာရော၊ ပရိသတ်အားပေးတဲ့အပေါ်မှာ ရော၊ မြန်မာ့ ရုပ်ရှင်ချစ်ပရိသတ်အားလုံးကို ကျွန်တော်တို့ “ဒုဋ္ဌဝတီ”အဖွဲ့သား များကိုယ်စား တကယ်ကို အထူးပဲကျေးဇူးတင်ပါတယ်”လို့ ပြောပါ တယ်။ “ဒုဋ္ဌဝတီကိုလွန်၍”အပိုင်း-၂ ကဆက်ဦးမယ်လို့ ဒါရိုက်တာ အာ ကာကရော၊ ဇာတ်လမ်း၊ ဇာတ်ညွှန်းရဲနောင်ကရော ပြောထားလေတော့နိုင်းနိုင်း ဘာတွေထပ်လုပ်ပြလေဦးမလဲဆိုတာ ပရိသတ်က စိတ်ဝင်စားနေကြတာပါ။

“အဲဒါကလောလောဆယ်တော့ ဇာတ်လမ်းမပြီးသေးဘူးပေါ့နော်။ ဇာတ်လမ်းက အခုမှ ရေးတုန်းပဲရှိသေးတယ်။ “ဒုဋ္ဌဝတီ-၂” မလာခင်မှာ ဒီကြားထဲမှာ ကျွန်တော်တို့ ထိုင်းက လူတွေ နဲ့ နှစ်ဦးနှစ်ဖက်ပူးတွဲပြီးတော့ ရိုက်ကူးဖို့အတွက်လည်း စီစဉ်နေပါတယ်။ ဇာတ်ကားနာမည် ကိုတော့ “Sleeping Awake” လို့ အမည်ပေးထားပါတယ်။ အဲဒီ ဇာတ်ကားကို အစ်ကိုတို့ အနေနဲ့ Pre Production လုပ်နေတယ်။ ရိုက်ကူး ဖို့အတွက်ကိုလေ။ ရိုက်ကူးမှာကတော့ နောက်လမှစရိုက်မှာပါ။ ဒါရိုက်တာကတော့ အာကာရယ်၊ ယိုးဒယားဘက်က တာဝန်ရှိတဲ့ ဒါရိုက်တာတွေရယ်ပေါ့။ အကုန်လုံးပူးပေါင်းပြီးတော့ ရိုက်ကူးကြမှာပါ” လို့ သူရိုက်မယ့်ဇာတ်ကားတွေအကြောင်း ဆက်လက်ပြော ပြပါတယ်။ လာဦးမယ်၊ လာဦးမယ်။ နိုင်းနိုင်းရဲ့ ခံစားချက်ရယ်၊ ဇာတ်ညွှန်းအကြည်တော်ရဲ့ လက်ရာရယ်၊ အက်ရှင်တွေ အား သန်တဲ့ ဒါရိုက်တာအာကာရဲ့ ရိုက်ချက်ရယ် ပေါင်းစပ်ထားတဲ့ ဒရာ မာဇာတ်ကားစစ်စစ်။ “ကမ္ဘာနှစ်ထပ်”တဲ့။Facebook မှာ Traser တင် တုန်းကတော့ ပရိသတ်တွေ သောင်း သောင်းဖြဖြအားပေးခဲ့ကြတာလေ။

“အဲဒီဇာတ်ကားလေးကတော့ ထွက်လာမှပဲသိမှာ ပေါ့လေ။ ကြိုက်တယ်၊ မကြိုက်ဘူး။ ဘယ်လို Feed-Back တွေလာမလဲဆိုတာကိုလေ။ ကျွန်တော်ကတော့ ကြိုမပြောချင်ဘူး။ ရုံတင်ပြသမယ့်ကိစ္စကိုလည်း Production ဘက်ကနေပြီးတော့ သူတို့ဆောင်ရွက်နေတယ် ပေါ့။ ဘယ်တော့ရုံတင်ပြသဖြစ်မလဲဆိုတာကိုတော့ ကျွန်တော် လည်း အတိအကျမသိသေးဘူး”လို့ နိုင်းနိုင်းက ပြောပါတယ်။ နိုင်း နိုင်းရဲ့ အားသာချက်တစ်ခုက Body Structure ပိုင်းပါ။ လောလောဆယ်မှာ တော့ သူက အလုပ်များနေလို့ လေ့ကျင့်ခန်းတောင် သိပ်မလုပ်ဖြစ်ပါဘူးတဲ့။ နိုင်းနိုင်းရဲ့ဇာတ်ကားတွေကို အမေရိကမှာနေထိုင်တဲ့ ဇနီးသည်ကလည်း အားပေးပါတယ်လို့ သူက ပြောပြီး … “လောလောဆယ်မှာတော့ ဒီမှာလက်ခံပြီးသား ဇာတ်ကားကို ပြီးအောင် ရိုက်မယ်။ မပြီးဘူးဆိုရင် ကျွန်တော်ပြန်လာမှပဲ ပြန်ဆက်ရိုက်ဖြစ်မယ်ထင် တယ်။ ကျွန်တော်က လာမယ့်ဩဂုတ်လမှာ ကလေးတွေ ဆီ၊ မိသားစုဆီပြန်ဖို့ အစီအစဉ်ရှိပါတယ်”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here