နေပြည်တော် ခုတင် ၁ဝဝဝ ဆေးရုံကြီးတွင် မြန်မာဘရူဝါရီ လီမိတက်က ၂၄ ကြိမ် မြောက် စုပေါင်း သွေးလှူဒါန်း

0
140

မြန်မာဘရူဝါရီလီမိတက်၏ ကရုဏာရှေးရှု မြန်မာမှုအစီအစဉ်မှ ဦးဆောင်ပြီး စုပေါင်းသွေးလှူဒါန်းပွဲကို ဇွန်လ ၂၈ ရက်နေ့က ၂၄ ကြိမ်မြောက် အဖြစ် နေပြည်တော် ခုတင် ၁ဝဝဝ ဆေးရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသွေးလှူဒါန်းပွဲတွင် အလှူရှင်တစ်ရာကျော်က သွေးရည်ကြည် အိတ်တစ်ရာကျော်ကို လှူဒါန်းပေးခဲ့သည်။

”ကျွန်တော်တို့က ဒါနဲ့ဆိုရင် ၂၄ ကြိမ်မြောက် လှူဒါန်းတာဖြစ်ပါတယ်။ သွေးဆိုတာ လူသားတစ်ဦးအတွက် အသက်ပါပဲ။ ဒါကြောင့် သွေးလှူတာဟာ အသက်လှူတာနဲ့ အတူတူပါပဲ။ သွေးအလှူရှင်တွေအနေနဲ့လည်း ကိုယ့်ရဲ့သွေးနဲ့ လူ့အသက်တစ်ချောင်းကို ကယ်တင်လိုက်နိုင်ခြင်းက အင်မတန်ကို မွန်မြတ်တာ ဖြစ်လို့ အားတက်သရော လှူဒါန်းကြပါတယ်”ဟု မြန်မာဘရူ ဝါရီလီမိတက်၏ ကရုဏာရှေးရှု မြန်မာမှုအစီအစဉ်မှ တာဝန်ရှိသူ ကိုရဲထွဋ်ဦးက ဆိုသည်။

မြန်မာဘရူဝါရီလီမိတက်၏ ကရုဏာရှေးရှုမြန်မာမှုအစီအစဉ်ဖြင့် သွေး လှူဒါန်းမှုကို ၂ဝ၁၆ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်အပါအဝင် သွေးရည်ကြည် အိတ်ပေါင်း နှစ်ထောင်ကျော်ကို လှူဒါန်းနိုင်ခဲ့ကြောင်း သိရ သည်။

အောင်ပြည့်စုံ


LEAVE A REPLY

Please enter your comment!
Please enter your name here