Mrs.Queen Of The World 2018 အိမ်ထောင်ရှင် အလှမယ် ပြိုင်ပွဲကျင်းပ

0
266

Mrs.Queen Of The World 2018 အိမ်ထောင် ရှင်အလှမယ် ပြိုင်ပွဲကို ဇွန်လ ၂၉ရက်နေ့ ညပိုင်းက မန္တလေးမြို့ အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့ပါ တယ်။Mrs.Queen Of The World အိမ်ထောင်ရှင် အလှမယ် ပြိုင်ပွဲကို မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပခြင်းဖြစ်ပြီး မလေးရှား၊ ထိုင်း၊ ဘော်နီယို၊ သီရိလင်္ကာ၊အိန္ဒိယ၊မြန်မာစတဲ့ နိုင်ငံတကာမှ အိမ်ထောင်ရှင် အလှမယ်များ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြပါတယ်။

ပြိုင်ပွဲမှာ Classic Winner ဆုကို ထိုင်းနိုင်ငံ မှ Mrs. Siwaporn Lerttanan ကလည်းကောင်း၊ Standard Winner ဆုကို အိန္ဒိယ နိုင်ငံမှ Mrs.Jasmine ကလည်း ကောင်း ၊Royal Winner ဆုကို မြန်မာနိုင်ငံမှ Mrs.Choco ကလည်း ကောင်း၊Mrs.Queen Of The World Angle ဆု ကို မလေးရှားနိုင်ငံမှ Mrs. Aemme Norakim ကလည်းကောင်း 1st Runner ကို မြန်မာနိုင်ငံမှ မအိမွန်ကလည်းကောင်း ၊ 2nd Runner ကို သီရိ လင်္ကာနိုင်ငံမှ Mrs.Champi Manoji ကလည်း ကောင်း ၊ 3rd Runner ကို မြန်မာနိုင်ငံမှ မဆင့် ဆင့်မိုးကလည်းကောင်း ဆုများအသီးသီးရရှိခဲ့ကြပါတယ်။

Mrs.Queen Of The World 2019 ပြိုင်ပွဲကို အိန္ဒိယနိုင်ငံမှာကျင်းပသွားမှာဖြစ်ကြောင်း သိရှိရ ပါတယ်။

ချမ်းသာ


LEAVE A REPLY

Please enter your comment!
Please enter your name here