မန္တလေးတက္ကသိုလ် အနုပညာအသင်းက ကဗျာ၊ ပန်းချီ၊ အကသင်တန်းများ ဖွင့်လှစ်

0
309

မန္တလေးတက္ကသိုလ် အနုပညာ အသင်းကကြီးမှူးပြီး မန္တလေးတက္က သိုလ်ကျောင်းသား၊ ကျောင်းသူများ အတွက် ပန်းချီသင်တန်း၊ ကဗျာရေး နည်းသင်တန်း၊ ကဗျာလွတ်အကသင် တန်းများကို ဇူလိုင်ပထမပတ်ထဲမှာ ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ကြောင်း သိရပါတယ်။

ကဗျာသင်တန်းကို မြန်မာစာ ပါမောက္ခဆရာမောင်မြတ်ရည် (မန်း တက္ကသိုလ်)က လည်းကောင်း ပန်းချီ သင်တန်းကို ရေဆေးပန်းချီဆရာကြီး ဦးခင်မောင်စန်း (မန္တလေး၊ ပန်းချီ၊ ပန်းပုကျောင်းအုပ်ကြီး – ငြိမ်း) က လည်းကောင်း ကဗျာလွတ်အကကို မန္တလေးပန်တျာကျောင်းက အက နည်းပြဆရာမများက လည်းကောင်း သင်ကြားပို့ချကြမှာဖြစ်ပါတယ်။ သင် တန်းများကို မန္တလေးတက္ကသိုလ် ဦး ရာဇတ်ခန်းမမှာ တနင်္လာနေ့မှ ကြာသပတေးနေ့အထိ ညနေ ၃ နာ ရီခွဲမှ ညနေ ၅နာရီခွဲအထိ ရက် သတ္တပတ် ရှစ်ပတ်ကြာ သင်တန်းပို့ချ သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ သင်တန်းတက်ရောက်လိုတဲ့ မန္တလေး တက္ကသိုလ်ကျောင်းသားကျောင်းသူ များက မန္တလေးတက္ကသိုလ်၊ မြန်မာ စာဌာနနဲ့ ကျောင်းသားရေးရာဌာန တွေမှာ စုံစမ်းမေးမြန်းပြီး စာရင်း သွင်းတက်ရောက်နိုင်ကြောင်း သိရ ပါတယ်။

မန္တလေးတက္ကသိုလ် အနုပညာ အသင်းမှ မြန်မာ့ရိုးရာပတ္တလားတီး သင်တန်း၊ မြန်မာ့ရိုးရာစောင်းတီး သင်တန်း၊ ဓာတ်ပုံသင်တန်း၊ အဆို သင်တန်း၊ မြန်မာစာပေ အရေးအ သားသင်တန်းစတဲ့ အနုပညာနဲ့သက် ဆိုင်တဲ့ သင်တန်းများကို ဆက်လက် ဖွင့်လှစ်သွားမှာဖြစ်ကြောင်း သိရပါ တယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here