အဆိုတော်မလေးပိုပိုက Let Miss Kiss You ပါတဲ့

0
181

‘Let Me Kiss You’ ဆိုတဲ့ စကားလုံးလေး ကတော့ ချစ်သူ ၂ ဦးကြားမှာ သိပ်ကို Romantic ဆန်တဲ့ စကားလုံးလေးလို့ ပြောရမှာပါ။ ပိုပိုက ‘Let Me Kiss You’ လို့ ပြောတယ်။ အဲဒီစကားလုံး လေးကတော့ လာမယ့် စက်တင်ဘာလမှာ ထွက်မယ့် ပိုပိုရဲ့ ‘‘Masterpiece’ Music Video မှာ ပါဝင်မယ့် သီချင်းလေးလို့သိရပါတယ်။ အမိုက်စားရိုက်ချက်တွေနဲ့ ပုံဖော်ထားတဲ့ ‘Let Me Kiss You’ သီချင်းအကြောင်းကိုတော့ ပိုပိုက…

”Let Me Kiss You’ ဆိုတဲ့ သီချင်းလေးကို ပိုပိုနဲ့ ကိုအောင်ရဲလင်းနဲ့ လုံးဝအမိုက် စားရိုက်ကူးထားပါတယ်။ သီချင်း လေးက ပိုရေးထားတာပါ။ တီးပေးတာက ကိုသားသားပေါ့။ အစက Music Video မထွက် တော့ဘူး။ ၉ လပိုင်းမှ ထွက်ဖို့လုပ်နေတာ။ ပရိသတ်မျှော်နေတာကြာမှာစိုးလို့ Let Me Kiss You ကို တင် ပေးဖို့ လုပ်လိုက်တာပါ” လို့ ပြောပါတယ်။

ပိုပိုရဲ့ ‘Let Me Kiss You သီချင်းကိုတော့ ဇူလိုင် ၇ ရက်နေ့က သူ့ရဲ့ Facebook Pageကနေ ပရိသတ် တွေအတွက် တင်ပေးလိုက်တာဖြစ်ပါတယ်။ Music Video တွေ ရိုက်တာက ငွေကြေးအကုန်အကျခံပြီး ရိုက်ကူးရတာဖြစ်ပေမယ့် ဈေးကွက်အရ ပြန်မရ တာတွေလည်း ရှိတာကို ပိုပိုတို့ သိမှာပေါ့လို့ဆို တော့ ဒီအလုပ်တွေက သူတို့အဆိုတော်တွေ လုပ်ရမယ့် အလုပ်ဖြစ်တဲ့အတွက် အကောင်းဆုံး ရိုက်ကူးပုံဖော်ဖန်တီးနေကြောင်းလည်း ပြောပါတယ်။ ပိုပိုရဲ့ စိတ်ကူးအိပ်မက်က …

”ဆောက်ဖြစ်မှ ကျောင်းဒကာဆိုပေမယ့် ပိုက နိုင်ငံခြားမှာ Music School တက်ချင်တာ။ ပြီးတော့ သီချင်းကို အင်္ဂလိပ်လိုရေးသားပြီး သီဆိုချင်တာ။ အဲဒီအတွက် ကြိုးစားမှုတွေလုပ် နေပါတယ်။ ပိုအခု Piano သင်နေတယ်။ ဘန်ကောက်မှာ လည်းသွားသင်ဦးမှာ။ ပြီး တော့ အခုလည်းBC (British Council)မှာ သင်တန်းတက်နေပါတယ်” လို့ ပြောပြ ခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here