နိုးနိုး

0
166

သုခရနိုးနိုးနဲ့ ဒုက္ခတွေ ရင်ဆိုင်နေဆဲ
အရိပ်လာနိုးနိုးနဲ့ နေပူထဲပြေးနေဆဲ
ရလိမ့်နိုးနိုးနဲ့ ဆုံးရှုံးမှုတွေ ရင်ဆိုင်နေဆဲ
ဖြစ်လာလိမ့်နိုးနိုးနဲ့
မဖြစ်သေးတာတွေ လုပ်နေဆဲ။

ဒီလိုနဲ့ပဲ
အီနားရှား သီအိုရီအရ
သွားနေကျနေရာသွားမြဲသွား
လုပ်နေကျတွေ လုပ်မြဲလုပ်
နေ နေကျမှာ နေမြဲနေ
ညည်းနေကျတွေ ညည်းမြဲညည်း
အီနားရှား င်္သမခန ကျော်အောင်
ရုန်းမထွက်နိုင်သရွေ့အထိ။
တကယ်တော့
လူဆိုတာ ကိုယ့်ကိုယ်ကိုယ်
အကောင်းမြင်သလောက်
ကိုယ့်ဘဝကိုတော့
အကောင်းမမြင်နိုင်သေးတဲ့
လောဘအကျဉ်းသားတွေသာ
ငါသာအမှန်ထား
အားလုံးကို အမှားထင်နေကြတဲ့
မောဟ အကျဉ်းသားတွေသာ
ငါနဲ့မတူ ငါ့ရန်သူလို့ ရန်မူတတ်ကြတဲ့
ဒေါသအကျဉ်းသားတွေသာ။

မောင်မောင်ကျော် (သဲဖြူဝ)


LEAVE A REPLY

Please enter your comment!
Please enter your name here