အမြွှာ နှစ်ယောက်အတွက် ဝေလျှံရဲ့ရဲ့ အနာဂတ် ရည်မှန်းချက်

0
213

အဆိုတော်ဝေလျှံတို့မိသားစုလေးက သိပ်ကို ပျော်စရာကောင်းပါတယ်။ အမြွှာနှစ်ယောက်နဲ့ ပျော်စရာမိသားစု ဘဝကိုပိုင်ဆိုင်ထားတဲ့အတွက် အဆိုတော်ဝေလျှံကလည်း ကြည်နူးဝမ်းသာနေတာပါ။ သားအကြီးလေး ကတော့ဘုန်းသန့်ဝေလျှံကိုဖြစ်ပြီး အငယ်ကတော့ ဘုန်းခန့်ဝေလျှံကိုဖြစ်ပါတယ်။ သားနှစ်ယောက် ကလည်း ဖခင်ဖြစ်သူသီချင်းဆိုသိပ်မှအိပ်ပါတယ်လို့သိရပါတယ်။

”ကျွန်တော့်ရဲ့ ‘မောနင်းပါ ချစ်သူ’ သီချင်းလေးကိုအမြဲဆိုပြရတယ်။ အဲဒါကလည်း ကျွန်တော့်အ နေနဲ့ သားတွေကိုအကျင့်လုပ်ထားတာလည်းပါပါတယ်။ ကျွန်တော်ကတော့ သားတွေကိုဘာဖြစ်ချင်တယ်၊ညာဖြစ်ချင်တယ်ဆိုတာမျိုးတော့ မရှိပါဘူး။ သူတို့ဖြစ်ချင်တာကိုပဲ လုပ်ပေးမှာပါ။ အဓိကကတော့ ဘောလုံးကန်မလား၊ အနုပညာလုပ်မလား၊ စီးပွားရေးလုပ်မလားဆိုတာ သူတို့အပေါ်မှာ မူတည်ပါ တယ်” လို့ သားတွေအတွက် အနာဂတ်ရည်မှန်းချက်နဲ့ ပတ်သက်လို့ ဝေလျှံကပြောပြပါတယ်။

ဝေလျှံက သားတွေမွေး ပြီးပြီးချင်းမှာတော့ ဂီတနဲ့ပတ်သက်ပြီး သိပ်မလုပ်ဖြစ်ခဲ့ဘဲသားတွေကိုသာ အဓိက ဂရုစိုက်ဖြစ်ခဲ့ပါတယ်။ အခုဆိုရင် သားနှစ်ယောက်ကလည်း ၃လကျော်အရွယ်ကိုရောက်ရှိ လာပြီဖြစ် တဲ့အတွက် သီချင်းတွေကိုပြန်လုပ်ဖြစ်တယ်လို့ ပြောပြပါတယ်။ လတ်တလောမှာလည်း သားနှစ်ယောက် နဲ့ပတ်သက်ပြီး ‘စော်ကြည်ကလေးအဖေ’ဆိုတဲ့ သီချင်းတစ်ပုဒ်ကို အွန်လိုင်းကနေ ဖြန့်ချိထားပါသေးတယ်။

”ပရိသတ်တွေအတွက် ကျွန်တော်အမြဲတမ်း ကြိုးစားနေပါတယ်။ ပြီးတော့ ကျွန်တော့်သား လေး တွေကိုလည်းချစ်ပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်” လို့ ဝေလျှံက သူ့ရဲ့ပရိသတ်တွေ အတွက် ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here