အောင်ရဲလင်းကိုသိတယ်ဆိုတဲ့ ထိုင်းမင်းသမီး Violette Wautier နဲ့ Toey-Jarinporn Joonkiat

0
255

ထိုင်း-မြန်​မာသံတမန်​ဆက်​ဆံ​ရေး နှစ်​ ၇ဝ ပြည့်​ အထိမ်းအမှတ်​အဖြစ်ပြုလုပ်တဲ့​ ထိုင်းရုပ်​ရှင်​ပွဲ​တော်​ ၂ဝ၁၈ ကို Die Tomorrow ရုပ်​ရှင်​ဇာတ်​ကားထဲက အဓိက သရုပ်​​ဆောင်​ မင်းသမီးနှစ်​ဦးဖြစ်​တဲ့ Toey-Jarinporn Joonkiat နဲ့ Violette Wautier တို့တက်​​ရောက်​ခဲ့ကြပါတယ်။Tory-Jarinporn Joonkiat နဲ့ Violette Wautier တို့နဲ့ အင်တာဗျုးကို ဖော်ပြပေးလိုက်ရပါတယ်။

မြန်မာနိုင်ငံရဲ့ ဘယ်နေရာကို သွားရောက်လည်ပတ်ချင်ပါသလဲ။

Toey – ပုဂံပါ။ တအားကြိုက်တယ်။ စေတီများများရှိတဲ့ နေရာလေ။ တစ်ခါရောက်ဖူးပါတယ်။
Violette – မရောက်ဖူးသေးပါဘူး။ မြန်မာနိုင်ငံကို ပထမဦးဆုံးရောက်ဖူး တာပါ။ နောက်ကြုံရင် သွားလည်ချင်ပါတယ်။ P Toey သွားခဲ့တာကြည့်ပြီး အရမ်းလှလို့ သွားချင်ပါတယ်။

မြန်မာအစားအစာကော စားဖူးသလား။

Violette – အခုမှ လေယာဉ်ကဆင်းပြီး ဒီကိုတန်းလာတာဆိုတော့ ဘာမှ မမြည်းရသေးဘူး။ ပွဲပြီးမှ သွားမြည်းမယ်။ နောက်ကြုံရင် ဘယ်လိုနေသလဲ ဆိုတာပြောပြပေးပါ့မယ်။
Toey – စားဖူးပါတယ်။ စားလည်း စားကောင်းပါတယ်။ ထိုင်းအစား အစာနဲ့ သိပ်မကွာပါဘူး။

နောက်တစ်ခါ မြန်မာနိုင်ငံလာဖြစ်ရင် ဘယ်ကိုထပ်ပြီးသွားချင်ပါသေး သလဲ။

Toey – ပုဂံပါ။ ညီမငယ် Violette ကို ပုဂံလိုက်ပို့ချင်ပါတယ်။ မန္တလေး လည်း သွားချင်ပါတယ်။

မြန်မာရုပ်ရှင်ဇာတ်ကားတွေကော ကြည့်ဖူးသလား။

Violette – မကြည့်ဖူးသေးပါဘူး။
Toey – မကြည့်ဖူးပါဘူး။

မြန်မာသရုပ်ဆောင်တွေထဲမှာ သိတဲ့လူ ရှိသလား။

Toey တစ်ယောက်သိတယ်။ ထိုင်းမင်းသား Nadee နဲ့ တူတယ် လို့ ပြောကြတဲ့ တစ်ယောက်လေ။ အရမ်းနာမည်ကြီးတယ်လို့လည်း ပြောတယ်။ ပုံလည်း တွေ့ဖူးတယ်။

မြန်မာသရုပ်ဆောင်တွေနဲ့ လက်တွဲ ပြီး အတူတူ သရုပ်ဆောင်ချင်ပါ သ လား။

Toey – Welcome ပါ။ ဘယ်သရုပ်ဆောင်နဲ့မဆို သရုပ်ဆောင်ချင် ပါတယ်။ မရွေးပါဘူး။ စိတ်ဝင်စားစရာကောင်းတဲ့ ကာရိုက်တာရှိရင် သရုပ် ဆောင်ချင်ပါတယ်။

ပုဂံမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးကို ပြောပြပေးပါလား။

Toey – သွားတုန်းက လှတယ်။ သဘာဝအရမ်းဆန်တယ်။ ချစ်စရာအရမ်း ကောင်းတဲ့ ယဉ်ကျေးမှုဓလေ့တွေလို့ ခံစားရတယ်။ စေတီတွေလည်း အရမ်း သပ္ပာယ်တယ်။

ပုဂံနဲ့ပတ်သက်ပြီး ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးချင်ပါသလား။

Toey – ရိုက်ရတဲ့အခွင့်အရေးရရင်တော့ သိပ်ကောင်းမှာပေါ့။
Violette – view တော်တော်လှလိမ့်မယ်လို့ ထင်ပါတယ်။

နန်းခမ်းဦး


LEAVE A REPLY

Please enter your comment!
Please enter your name here