ပထမဆုံး ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားမှာ Gay ကာရိုက်တာကြောင့် ဝေဖန်မှုတွေရှိခဲ့ရင်လည်း လက်ခံကြောင်း အောင်လေး ပြော

0
174

စိန်ခေါ်မှုများတဲ့ ကာရိုက် တာဆိုတာ “ရာဇဝင်ရိုင်းခဲ့သည်” ရုပ်ရှင်ဇာတ်ကားမှာ အောင်လေး သရုပ်ဆောင်ခဲ့တဲ့ ကာရိုက်တာကို ပြောရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ယောကျာ်းချင်းချစ်ကြိုက်ရတဲ့အ ဇာတ်ဝင်ခန်းကို ပါဝင်သရုပ်ဆောင် ရိုက်ကူးရတယ်။ မော်ဒယ်လ်မင်းသား၊ ယောကျာ်း ပုံစံနဲ့ Gay တစ်ယောက် အဖြစ်ပေါ့။ ဒီလိုကာရိုက်တာမျိုး ဘယ်သူကလုပ်ချင်မှာလဲ။ အားပေး မယ့်ပရိသတ်ရှိသလို လက်ညှိုးထိုးဝေ ဖန်ကြမယ့်သူတွေကလည်း အများ သား။ ဒီကိစ္စနဲ့ပတ်သက်ပြီး အောင် လေးကတော့…..

“ဝေဖန်တာကတော့ ကိစ္စမရှိ ပါဘူး။ ဝေဖန်လို့ ရပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ အနုပညာရှင်ဖြစ် တဲ့အတွက် ဘယ်ကာရိုက်တာမဆို ကျွန်တော်က ပီပြင်အောင်လုပ် ရတာလေ။ အဲဒီတော့ ကျွန်တော် ပီပြင်အောင်လုပ်မှာဖြစ်တဲ့အတွက် ဝေဖန်တာကိုလည်း ကျွန်တော် လက်ခံပါတယ် ဝေဖန်ကြပါ” လို့ ပြောပါတယ်။ အောင်လေးက သူ့ရဲ့ ပထမဦးဆုံး ရုံတင်တဲ့ဇာတ်ကား မှာတင် ကာရိုက်တာကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တယ်။ အဲဒီ ဇာတ် ရုပ်အတွက် ဘယ်လိုမျိုး မု(ဒ်)သွင်း ခဲ့သလဲဆိုတာကိုတော့ ….

“အဲဒီဇာတ်ကောင်နေရာကို ဝင်ခံစားတာပေါ့နော်။ ဒီဇာတ် ကောင်နေရာမှာ ငါသာဆိုရင် ဘယ် လိုလုပ်မလဲဆိုတဲ့ စိတ်လေးထည့် တယ်။ ပြီးတော့ တချို့အိုက်တင်တွေ လိုအပ်လို့ရှိရင် ကိုဇေရဲထက်ကို မေးတယ်။ ကိုဇေရဲထက်က သင်ပေး တယ်။ ကျန်တာတွေအားလုံးကတော့ အကုန်လုံး ကိုယ့်ဘာသာကိုယ်စဉ်း စားတယ်။ စဉ်းစားပြီးတော့ ဒီမု(ဒ်)ကို ဘယ်လိုရအောင်ယူမလဲဆိုတဲ့ အပေါ်မှာပဲ ကျွန်တော်ပါဝင်သရုပ် ဆောင်ရိုက်ကူးခဲ့တာပါ” လို့ အောင် လေးက ပြောပြပါတယ်။ မော်ဒယ်လ် လိုင်းက အောင်လေးရဲ့အဓိက ရပ် တည်မှုဖြစ်ပေမယ့် နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားတွေမှာ တောက် လျှောက်ရိုက်ကူးဖြစ်နေတဲ့ အောင် လေးက သူသရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ အကြောင်းကို လည်း …

“ရိုက်ထားတာတွေကတော့ အများကြီးပဲ။ ဒီဇာတ်ကားလေးက အရင်ထွက်လာတာပေါ့နော်။ နောက် ထွက်လာမယ့် ဇာတ်ကားတွေက Bad Boy-2 တို့၊ တစ်ခုလပ်တို့ ကျန် ပါသေးတယ်။ ဒါတော့ နည်းနည်း အချိန်ကြာဦးမယ်ထင်ပါတယ်”လို့ အောင်လေးက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here