လူရွှင်တော်တွေဆိုတာ အဖြည့်ခံပါဆိုတဲ့ လူရွှင်တော် ဗေဒာ

0
321

ချမ်းသာတဲ့ ဟာသသရုပ်ဆောင်၊ လူရွှင်တော်ဆိုတာ အနုပညာလောက မှာရှားပါတယ်။ သူတို့အနေနဲ့ ဇာတ် ခုံပေါ်မှာ ပရိသတ်တွေကို ရယ်မော ပျော်ရွှင်ရအောင် ဟာသပြက်လုံး တွေနဲ့ အသုံးတော်ခံကြသလို ရုပ်ရှင် ဇာတ်ကားတွေမှာဆိုရင်လည်း ကျရာ ဇာတ်ရုပ်မှာ ပီပြင်အောင်သရုပ်ဆောင် တတ်ကြပါတယ်။ သို့သော်ငြားလည်း သူတို့တွေရရှိတဲ့ ငွေကြေးက နည်းတဲ့ အတွက် မိသားစုဘဝ နေ့စဉ်ဖြတ် သန်းမှုမှာတော့ အခက်အခဲတွေရှိလှ ပါတယ်။ သူတို့တွေကတော့ ဒီလို အခက်အခဲတွေကို မမှုဘဲ အနုပညာ ကို ချစ်တဲ့စိတ်တွေနဲ့သာ ကျော်ဖြတ်ခဲ့ ကြတာချည်းပါပဲ။ ဒါနဲ့ပတ်သက်လို့ လူရွှင်တော်၊ ဟာသသရုပ်ဆောင် ဗေဒါက..

“စားနိုင်သောက်နိုင်ရုံလောက်ပါပဲ။ တအားကြီးချမ်းသာတာမျိုး တော့မရှိပါဘူး။ ကျွန်တော်တို့လူရွှင်
တော်တွေက အဖြည့်ခံတွေပါ” လို့ ပြောပြပါတယ်။ လူရွှင်တော်တစ်ယောက်ဖြစ်ဖို့ဆိုတာကလည်း မလွယ်ကူလှပါဘူး။ လူရွှင်တော်ဆိုတဲ့ ဘဝက တကယ်ကိုဝါသနာပါမှဖြစ်ပြီး တချို့ကလည်း လူရွှင် တော်ဖြစ်ရတာ ဘာဖြစ်တယ်၊ လူရွှင်တော်သားသမီး ဖြစ်ရတာ ဘာဖြစ်တယ်ဆိုပြီး ပြောတတ်ကြသေးတယ် လို့ သူကထပ်ပြောပြပါတယ်။

“လူရွှင်တော်ဆိုတာ ဘာပဲသရုပ်ဆောင်ရ၊ သရုပ်ဆောင်ရ အံဝင်ခွင်ကျဖြစ်အောင် ကိုယ့်ကိုယ် ကိုယ် လေ့ကျင့်ရမယ်။ လူရွှင်တော်ကတော့ ရှက် ကြောဖြတ်ထားရတာလေ။ ဒါပေမဲ့ တစ်ခုတော့ရှိ တယ်။လူတိုင်းတော့ရှက်တတ်တာ ပေါ့။ ဘယ်သူမဆိုရှက်မှာပဲ။ ငါ လူရွှင်တော်ပဲ၊ အရှက်အကြောက် ကင်းတယ်ဆိုပြီးတော့ လမ်းဘေးမှာ အပေါ့အပါးသွားလို့လည်း မကောင်း ဘူးလေ။ အရှက်အကြောက်ဆိုတာက ဘာကိုပြောတာလဲဆိုတော့ ဇာတ်စင် ပေါ်တက်တာနဲ့ အရှက်အကြောက် မရှိရဘူးပေါ့။ ပြူးပြ၊မဲ့ပြ၊ရယ်ပြ၊ငိုပြပြီး ဇာတ်ရဲ့ကျရာနေရာမှာ သရုပ်ဆောင် နိုင်ဖို့အတွက် အရှက်အကြောက်မ ရှိရဘူးလို့ပြောတာပါ။ ကျန်တာတွေ တော့မပါပါဘူး” လို့ လူရွှင်တော်နဲ့ အရှက်အကြောက်ဆိုတာကို လူရွှင် တော် ဗေဒါက ပြောပြတာပါ။

ပရိသတ်တွေအနေနဲ့ လူရွှင် တော်တွေ အားလုံးကို ချစ်ပေးကြတဲ့ အတွက် ကျေးဇူးတင်ပါကြောင်း သူကထပ် လောင်းပြောပြခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here