Miss Universe Myanmar အခွင့်အရေးရထားတဲ့ နိုနိုကေ

0
144

နိုနိုကေက Miss Universe West Yangon 2018 ဆုကို လတ်တလော ပူပူနွေးနွေးရရှိထားသူလေးပါ။ သူက သိပ်ကြိုးစားတယ်။Miss ပြိုင်ပွဲများစွာကို မလျှော့သောဇွဲနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်။ အခုလည်း Miss Universe West Yangon 2018 ဖြစ်ပြီဆိုတော့ Miss Universe Myanmar ဖြစ်ဖို့ တစ်ဆင့်ထပ်ကြိုးစားရဦးမှာဖြစ်ပါတယ်။

“ပြိုင်ပွဲစတင်ယှဉ်ပြိုင်ကတည်းက အားပေးလာကြတဲ့ပရိသတ်များအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ သူတို့ရဲ့ အားပေးမှုကြောင့်ပါ။ ပြီးတော့ ညီမ Miss ပြိုင်ပွဲတွေလည်း တောက်လျှောက် ဝင်ပြိုင်နေတယ်။ ပြီးတော့ တယောပိုင်းဆိုင်ရာကိုလည်း အားထုတ်နေတယ်။ နောက်ပြီး တော့ ပရဟိတပိုင်းပေါ့နော်။ မျက်မမြင်တွေ အသံလှူတဲ့ကိစ္စကိုလည်း ညီမဦးဆောင် ပြီးလုပ်ကိုင်နေတာဖြစ်တဲ့အတွက်ကြောင့် ညီမလှုပ်ရှားမှုတိုင်းကို လက်ခုပ်တီးပြီး တော့ အားပေးကြတဲ့ ပရိသတ်အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်။ နောက် ပြီး သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေကိုလည်း ဂါရဝပြုပါတယ်” လို့ နိုနိုကေ က ပြောပါတယ်။

နိုနိုကေမှာ သူ့ထက် ၄ နှစ် ကျော် ၅ နှစ်နီးပါးကြီးတဲ့ ဂျူဂျူးကေဆိုတဲ့ အစ်မတစ်ယောက်ရှိပါတယ်။ ဂျူဂျူးကေနဲ့ ပတ်သက်ပြီးလည်း သူက …

“ညီမရဲ့ အစ်မနဲ့က အရင်တုန်းကဆိုရင် ပြိုင်ပွဲအတူတူ ဝင်ပြိုင်တော့ ပြိုင်ပွဲမှာဆိုရင်တော့ အချင်းချင်း အားပေးဖြစ်တယ်။ Emotional နဲ့ ပတ်သက်ပြီးတော့ပေါ့။ Motivation နဲ့ ပတ်သက် ပြီးလည်း အားပေးဖြစ်တယ်။ အခုသူက ဇာတ်ကားဘက်ကို ကူးသွား တယ်။ ညီမကလည်း ပြိုင်ပွဲတွေပဲပြိုင်ဖြစ်တယ်။ တစ်ယောက်တစ်လမ်းစီ သွားနေကြတဲ့အတွက်ကြောင့် တစ်ယောက်တစ်မျိုးပေါ့လေ။ ကိုယ့်ရဲ့ အမြင်၊ သူ့ရဲ့အမြင် ဆွေးနွေးဖြစ်တယ်။ သူ့မှာရှိတဲ့ အတွေ့အကြုံတွေကို Sharing လုပ်ဖြစ်တယ်”လို့ နိုနိုကေက ပြောပါတယ်။ အစ်မနဲ့ ညီမရန်ဖြစ်တဲ့ အခါ ဘယ်သူက အလျှော့ပေးရလဲလို့ဆိုတော့ …

“အစ်မကပဲ ညီမကို အများဆုံး အလျှော့ပေးရတာပေါ့လေ။ များသောအား ဖြင့်တော့ Shopping ထွက်တဲ့အခါမှာဆိုရင် တိုင်ပင်ဖြစ်တယ်ပေါ့နော်။ အဲဒီ အချိန်က ညှိရတာအဆင်ပြေဆုံးဖြစ်မယ်ထင်တယ်(ရယ်လျက်)” လို့ နိုနိုကေက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here