၅၄ နှစ်ကြာ ထိန်းထားနိုင်ခဲ့တဲ့ ဘီတဲလ်အဖွဲ့ရဲ့ စံချိန်ကို ချိုးလိုက်သူ Drake

0
213

ဇူလိုင်လ ၁၀ ရက်နေ့က ထွက် လာခဲ့တဲ့ သတင်းတွေက အံ့ဩစရာ ပါ။ နှစ်ပေါင်း ၅၀ ကျော်ကြာ ပြိုင်ဘက်မရှိ စံချိန် တင်ထားနိုင်တဲ့ ၁၉၇၀ ပြည့်နှစ်တုန်းက ခမ်းနားကြီးကျယ်တဲ့ အောင်မြင်မှု သရဖူကို ဆောင်းနိုင်ခဲ့တဲ့ ဘီတဲလ်အဖွဲ့ရဲ့ တေး အယ်လ်ဘမ်အဆင့် သတ်မှတ် ချက်ဖြစ်တဲ့ ဘီလ်ဘုတ်ရဲ့ သတ် မှတ် စံချိန်တွေကို ကနေဒီယန်အဆိုတော် ဒရိတ်က ချိုးနိုင် ခဲ့ပါပြီ။

ထူးခြားမှုကတော့ ဒရိတ်ရဲ့ “Scorpion” လို့ အမည်ရတဲ့ တေး အယ်လ်ဘမ်က ဘီလ်ဘုတ်ရဲ့ ထိပ်တန်း ၁၀ အတွင်း တစ်ပြိုင်နက်တည်း ဆင်ဂယ်လ်သီချင်း ၇ နေရာကို ချိတ် နိုင်ခဲ့ တာပါ။ ဘီတဲလ်အဖွဲ့ကြီးကတော့ ၁၉၆၄ ခုနှစ်မှာ ဘီလ်ဘုတ် ထိပ် တန်း ၁၀ စာရင်းမှာ တစ်ပြိုင်တည်း ဆင်ဂယ်လ်သီချင်း ၅ နေရာချိတ်နိုင်ခဲ့တဲ့ ရှားရှားပါးပါး မှတ်တမ်းကို ၅၄ နှစ် အတွင်း ကျော်လွှားပြီး စံချိန်တင်လိုက်တာဖြစ်ပါတယ်။ ဒရိတ်က ဘီလ်ဘုတ်ထိပ်တန်းအဆင့် ၁၀ မှာ နံပါတ် ၁၊ ၂၊ ၄၊ ၆၊ ၇၊ ၈ နဲ့ ၉ တို့ ကို တစ်ပြိုင်တည်းချိတ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိအယ်လ်ဘမ် “Scorpion” ဟာ ဒရိတ် ၃၁ နှစ်ရဲ့ ၅ ခုမြောက် အယ်လ်ဘမ်လည်း ဖြစ်ပါတယ်။

Ref:CNN


LEAVE A REPLY

Please enter your comment!
Please enter your name here