ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားတို့ရဲ့ သမီးထွေးလေး ဟပ်ပါ ရဲ့ မွေးနေ့ပွဲ ကျင်းပ

0
264

မန်ယူဂ န္တ၀င်ကစားသမား ဒေးဗစ် ဘက်ခမ်းနဲ့ စပိုက်ဂဲလ်အဖွဲ့ဝင်ဟောင်း ဗစ်တိုး ရီးယားတို့ရဲ့ သမီး ငယ်လေး ဟပ်ပါဆဲဗင်းရဲ့ ၇ နှစ်ပြည့်မြောက် မွေးနေ့ကို ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။ သိပ်ပြီး ခမ်းနား ကြီးကျယ်တာမျိုးတွေ မဟုတ်ဘဲ နီးစပ်ရာ မိတ်ဆွေတွေနဲ့အတူ ပျော်ရွှင်စွာကျင်းပခဲ့ တယ်လို့ သိရပါတယ်။

မိသားစုအင်စတာဂရမ်စာမျက် နှာပေါ်မှာ ကတော့ “သမီးငယ်လေး ကျန်းမာပါစေ”။ “သမီးလေးကို ချစ်တယ်” “ငါတို့ရဲ့ မင်းသမီး လေး” အစရှိတဲ့ စာသားလေးတွေ ရေးတင်ထား တာတွေ့ရပါတယ်။ မိသားစု လက်ဆောင်အ နေနဲ့ကတော့ ဟပ်ပါလေး အကြိုက် ပန်းရောင် အသည်းပုံမိုးပျံ ဘောလုံးလေးနဲ့ မွေးနေ့ကိတ်ပါ။

အဖေဖြစ်သူ ဘက်ခမ်းနဲ့ မိခင်ဖြစ်သူ ဗစ် တိုးရီးယား တို့ရဲ့ အထူးလက်ဆောင်လို့ သတင်း တွေ ထွက်ပေါ်ခဲ့တာကတော့ သမီးလေးစီးနင်းဖို့ မြင်းလေးတစ်ကောင် လက်ဆောင်ပေးခဲ့ သေးတယ်ဆိုတာပဲဖြစ်ပါတယ်။ ပေါင် ၇၀ဝ၀ တန်တဲ့ ဒီမြင်းလေးနဲ့ ဟပ်ပါလေးရဲ့ ဓာတ်ပုံကို လည်း အင်စတာဂရမ်မှာ ချစ် စဖွယ်တွေ့ရဦးမှာပါ။ ဟပ်ပါ လေးဟာ ဘက်ခမ်း မောင်နှံရဲ့ ဒုတိယ မြောက် သမီးလေး လည်း ဖြစ်ပါတယ်။

Ref:Mirrror


LEAVE A REPLY

Please enter your comment!
Please enter your name here