LGBT တွေအတွက် ရည်ရွယ်ဖွင့်လှစ်လိုက်တဲ့ ခိုင်နှင်းဝေနဲ့ JD တို့ရဲ့ MY PLACE

0
248

ခိုင်နှင်းဝေနJDတို့ရဲ့ My Place CAFE &RESTAURANT ဖွင့်ပွဲကို အမှတ်၂၈၊ ဒဂုံသီရိလမ်း၊ တာမွေမြို့နယ်မှာ ဇူလိုင်လ ၁၁ ရက်နေ့ မနက် ၁ဝ နာရီက ပြုလုပ်ခဲ့ ပါတယ်။ ဆိုင်ခန်းကိုတော့ LGBT နဲ့ ပတ်သက်တဲ့ Decoration တွေနဲ့ မွမ်းမံပြင်ဆင်ထားပြီူးLGBT Theme လက်ဆောင်ပစ္စည်း လှလှလေးတွေကို လည်း ဝယ်ယူလို့ရနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင်တခြား LGBTသူငယ်ချင်း တွေနဲ့ မိတ်ဆွေဖွဲ့နိုင်မှာဖြစ်သလိုTasty Yangon ရဲ့ Food တွေကိုလည်း စားသုံးလို့ရနိုင်မှာ ဖြစ်ပါတယ်။

”အစ်မတို့စီးပွားရေးတစ်ခုလုပ် မယ်ပေါ့။ အဲဒီအခါအစ်မတို့ ပရဟိ တမှာလည်း တစ်ဖက်တစ်လမ်းက နေ အကူအညီဖြစ်မယ်။ ပထမတော့ မျိုးစုံစဉ်းစားကြတယ်။ ဘာ brand ညာ brand ထုတ်မယ်ပေါ့။ နောက် ဆုံးတော့ သူကဘာပြော လဲဆိုတော့ အစ်မတဲ့ ကိုယ်ကလည်း ပရဟိတ လုပ်နေတာဆိုတော့ ဘယ်အရာပဲ လုပ်လုပ် တစ်ခုခုmessage လည်း ပေး ချင်တယ်။ အဲဒီတော့ ဘာလုပ် ကြမလဲဆိုတော့ HumanRight ဘက် ကိုသွားချင်တယ်ပေါ့။ အစ်မတို့ သွားချင်တဲ့ လူအခွင့်အရေးဆိုတာကလေးစားအားကျဖို့ပါ။ အခုညီညီ မောင်တို့ပဲကြည့်လေ။ တိုးတက်နေတဲ့ဒီလိုလူမျိုးတွေကနေပြီးတော့ တိုးတက်ကြီးပွားပြီးတော့ အလှူအ တန်းတွေ အများကြီးလုပ်နိုင်တယ်။ ပြည်သူလူထုကို message တွေ အများကြီးပေးနိုင်တယ်။ အစ်မရဲ့ စိတ်ကဘာလဲဆိုတော့ လူတိုင်းမှာ ကောင်းတဲ့အချက် ရှိကြတယ်။ ကောင်းတဲ့အချက်ကို အစ်မအတု ယူတယ်။ Gay ပဲဖြစ်ဖြစ်၊မိန်းမလျာ ပဲဖြစ်ဖြစ် သူတို့ဆီမှာကောင်းတဲ့ အချက်တွေ အများကြီးရှိတယ်။ အမှားတွေကို ထောက်ပြနေမယ့် အစား ကောင်းတဲ့အကွက်လေးတွေ ကို ပြောမယ်ဆိုရင်ကုသိုလ်လည်းရ တယ်။ ပရဟိတလည်း ဖြစ်တယ်။ အဲဒါလေးကိုဖြစ်စေချင်တဲ့အတွက် ဒီဆိုင်လေးကို လုပ်ဖြစ်သွားတာပါ” လို့ ဆိုင်နဲ့ပတ်သက်လို့ ခိုင်နှင်းဝေက ပြောပါတယ်။ ဒီဆိုင်မှာတော့ ကမ္ဘာ ကျော်LGBT တွေရဲ့အကြောင်းတွေ လေ့လာလို့ရမှာလည်းဖြစ်ပါတယ်။

”ဆိုင်ရဲ့နာမည်ကိုက MY PLACEပေါ့။ ဒါဟာငါ့ရဲ့နေရာလို့ပဲသူတို့ကို ခံယူစေချင်တယ်။ LGBTတွေစားသောက်ဆိုင်တွေသွားတယ်။
လူတိုင်းလည်းသွားတယ်။ ဒါပေမဲ့ GBTတွေကိုကြည့်တဲ့အကြည့်က တစ်မျိုးဖြစ်တယ်။ တစ်မျိုးလေးအ ကြည့်ခံရတယ်။ ကိုယ်ကိုယ်တိုင် လည်းသိတယ်။ ဒီဆိုင်ထဲဝင်ရင်တော့ အဲဒီလိုမျိုး အကြည့်တွေမရှိစေရ ဘူး” လို့ JD ကလည်း ဆိုင်နဲ့ပတ်သက် လို့ ဖြည့်စွက်ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here