LGBT တွေကို ထောက်ခံအားပေးတဲ့ ဒါရိုက်တာ ရွှေရေးထင်ထင်

0
202

ဇူလိုင်လမှာ ‘ရာဇဝင်ရိုင်းခဲ့သည်’ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသမှုနဲ့ အလုပ်ရှုပ်နေမှာဖြစ်ပြီး အဲဒါ တွေပြီးသွားရင် ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီး ထပ်မံရိုက်ကူးဦးမယ်လို့ ဒါရိုက်တာရွှေရေးထင်ထင် က ပြောပါတယ်။ စာရေးဆရာမတစ်ယောက်အနေနဲ့ ပထမဦးဆုံး ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ ‘ရာဇဝင် ရိုင်းခဲ့သည်’ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီးလည်း ရွှေရေးထင်ထင်က …

”ဒီအထဲမှာ ပါဝင်တဲ့ ကာရိုက် တာ အထူးသဖြင့် ထက်နိုင်ဆိုတဲ့ ကာရိုက်တာကို လူတော်တော်စိတ် ဝင်စားကြပါတယ်။ ထက်နိုင်ရဲ့ ကာရိုက်တာနဲ့ပတ်သက်ပြီး ဝေဖန်မှုရော၊ အားပေးမှုရောရှိကြပါတယ်။ ရွှေရေးတို့ဖန်တီးထားတာကိုက ဒီကာရိုက်တာက နည်းနည်းလေးသူများနဲ့မတူဘဲ ဆန်းပြားတဲ့ ကာရိုက်တာ လေးဖြစ်တဲ့အတွက် အခုလို စိတ်ဝင်စားမှုရှိတာကို ဝမ်းသာမိပါတယ်”လို့ ပြောပါတယ်။ အခုတလော ဖေ့စ် ဘုတ်ခ်မှာ ပွင့်ပွင့်လင်းလင်းရေးသား ဖော်ပြနေကြတဲ့ ယောက်ျားချင်းချစ်တာတို့၊ မိန်းကလေးချင်းချစ်တာတို့ စသဖြင့် LGBT တွေအပေါ်ကို ဆရာမ ဘယ်လိုမြင်ပါသလဲလို့ဆို တော့ …

“LGBT ဆိုတာ ခွဲခြားဆက်ဆံ ရမယ့်အရာမဟုတ်ဘူးလို့ မြင်ပါ တယ်။ အားလုံးက လူသားအချင်းချင်း အပေါ်မှာထားတဲ့မေတ္တာတရားပဲဖြစ် တဲ့အတွက် ရွှေရေးဘက်က ဘာမှ ဝေဖန်စရာလည်း မရှိပါဘူး။ ကန့် ကွက်စရာလည်း မရှိပါဘူး။ အားလုံး ကို လက်ခံပါတယ်။ ထောက်ခံအားပေးပါတယ်”လို့ ရွှေရေးထင်ထင်က ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here