ဒွေးကွယ်လွန်ခြင်း ၁၁ နှစ်ပြည့် အလှူအဖြစ် ကောင်းမှု ကုသိုလ်များပြုလုပ်

0
248

ပရိသတ်တွေ ဘယ်တော့မှ မေ့ လို့မရတဲ့ အနုပညာရှင်တစ်ယောက် ရှိပါတယ်။ သူကတော့ ပြည်သူချစ် တဲ့ အနုပညာရှင် ဒွေးပါ။ ဇူလိုင်လ ၁၁ ရက်နေ့မှာတော့ ဒွေး ကွယ်လွန် တာ ၁၁ နှစ် ရှိသွားခဲ့ပါပြီ။

သေသောသူကြာရင်မေ့ ဆိုပေ မယ့်လည်း ဒွေးကိုတော့ ပရိသတ်တွေ ကရော၊ ခင်မင်ရင်းနှီးကြတဲ့ အနု ပညာရှင်တွေကရော လွမ်းဆွတ်တမ်း တနေကြဆဲပါပဲ။ ဒွေးကွယ်လွန်ခြင်း ၁၁နှစ်ပြည့် အထိမ်းအမှတ်အလှူ အနေနဲ့ ဇနီးဖြစ်သူ မိုးမိုးက နှစ်စဉ် နှစ်တိုင်းလိုပဲ မနက်ပိုင်းမှာ မှော်ဘီရှိ သာသနာ့ဝန် ဆောင်ကျောင်းတိုက်မှာ သံဃာတော်များကို ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ ဒီအလှူမှာ မိုးမိုးနဲ့အတူ သားညီ၊ ဝေဠုကျော်၊ ဇွဲနိုင်ဝင်းနဲ့ မေကဗျာတို့ကလည်း ဒွေးအတွက် ကောင်း မှုကုသိုလ်တွေ အတူပြုလုပ်ပေးခဲ့ကြပါတယ်။ အစ်ကိုဖြစ်သူကို ခရီးထွက် နေတယ်လို့ပဲ သဘောထားတယ်ဆို တဲ့ သားညီက …

”ကိုသားကြီးအတွက် သာသနာ့ ဝန်ဆောင်ကျောင်းမှာရှိတဲ့ သံဃာတော် တွေကို အလှူလုပ်တယ်။ ဆေးတွေ လှူတယ်။ သင်္ကန်းတွေ ကပ်တယ်။ ကိုသားကြီးကတော့ ပြောနေကြသလို ပါပဲ။ နှစ်တွေသာကြာပြီး ၁၁ နှစ်သာ ကြာသွားတယ် မနေ့ကလိုပါပဲ။ ကျွန်တော့်စိတ်ထဲမှာတော့ သူရှိနေ သေးတယ်။ သူတစ်နေရာရာကို ခရီး ထွက်နေတယ်။ ပြင်ဦးလွင်တို့ ဘာတို့ ကို ခရီးထွက်နေတယ်လို့ ကျွန်တော် သတ်မှတ်ထားပါတယ်”လို့ ပြောပါ တယ်။

P-060


LEAVE A REPLY

Please enter your comment!
Please enter your name here