ခေတ်ကို ထင်ဟပ်စေတဲ့ အကြောင်းအရာတွေနဲ့ ပုံဖော်ထားတဲ့စမ်းချောင်းဆစ်ကွန် ဆစ်ကွန်စမ်းချောင်း ဇာတ်လမ်းတွဲ မိတ်ဆက်

0
274

ကမာရွတ်မီဒီယာမှ ရိုက်ကူး တင်ဆက်ထားတဲ့ စမ်းချောင်းဆစ် ကွန်ဆစ်ကွန်စမ်းချောင်းလို့ အမည် ပေးထားတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်ကာ အပတ်စဉ် ဗုဒ္ဒဟူးနေ့တိုင်း ည ၉ နာရီမှာ MRTV ရုပ်သံမှာပြသ သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဇူလိုင် လ ၂ဝ ရက်နေ့မှ စတင်ကာ iflix တွင်လည်း အပတ်စဉ်သောကြာနေ့ တိုင်း စတင်ပြသသွားမှာပါ။ ရုပ်သံ ဇာတ်လမ်းတွဲဆိုတာ မိသားစုဝင်တွေ စုစည်းပြီး ကြည့်ရှုကြတဲ့ ဓလေ့အား ကောင်းတာကြောင့် မိသားစုလိုက် ကြည်နူးပျော်ရွှင်စွာ ခံစားနိုင်မယ့် ဇာတ်လမ်းအမျိုးအစားကို စဉ်းစား ကြည့်တဲ့အခါ အနောက်နိုင်ငံတွေမှာ ဆယ်စုနှစ်အတန်ကြာခေတ်စားခဲ့တဲ့ အခု လည်း လက်မလွှတ်နိုင်သေးတဲ့ ဆစ် ကွန်အမျိုးအစားကို ထုတ်လုပ်ဖို့ ပြင် ဆင်ခဲ့ကြောင်း၊ ဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ ခေတ်ကို ထင်ဟပ်စေမယ့် အကြောင်းအရာ စကားလုံးနဲ့သရော်မှုဆန်ဆန် ဟာသ စွက်ထားတဲ့ ဒီဇာတ်လမ်းကို သေ သေချာချာ ပြင်ဆင်ရေးသားပြီး ရိုက် ကူးထုတ်လုပ်ခဲ့ကြောင်း ကမာရွတ် မီဒီယာရဲ့ အမှုဆောင်အရာရှိချုပ် ဦး သက်မောင်က ပြောပါတယ်။

ဒီရုပ်သံဇာတ်လမ်းတွဲဟာ အမျိုး သားစာပေဆုရှင် စာရေးဆရာမ နုနုရည်(အင်းဝ) ဖန်တီးထားတဲ့ ဇာတ် လမ်းဖြစ်ပြီး ဇာတ်ညွှန်းကို နေသန် မောင်နဲ့ နီလာတင်ဝင်းတို့က ရေး သားထားပါတယ်။ ဒီရုပ်သံဇာတ် လမ်းတွဲကိုတော့ ဒါရိုက်တာအနေနဲ့ ရှင်ဒေဝီက ရိုက်ကူးထားပြီး ဝါရင့် သရုပ်ဆောင်များနဲ့ မျက်နှာသစ် သရုပ်ဆောင်များက တွဲဖက်သရုပ် ဆောင်ထားကြပါတယ်။

လင်းအက္ခရာ၊

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here