ချစ်သူတွေအတွက် ရိုမန့်တစ်ဆန်စေမယ့် ကြွေ ရုပ်ရှင်ဇာတ်ကားရဲ့Red Carpet Show ပြုလုပ်

0
117

တက္ကသိုလ်ကျောင်းထဲက လူငယ်တွေရဲ့ အချစ်ဇာတ်လမ်းကို ရိုမန့်တစ်ဆန်ဆန် ရိုက်ကူးပုံ ဖော် ထားတဲ့ ကြွေ ရုပ်ရှင်ဇာတ်ကား Red Carpet Show ကို ဇူလိုင်လ ၁၂ ရက်နေ့ ည ၆နာရီခွဲက Junction City မှာပြုလုပ်ခဲ့ပါတယ်။ နာမည် ကျော် စာရေးဆရာမင်းလူရဲ့ ဝတ္ထု ကို ဒါရိုက်တာ သားညီက ရိုက်ကူး ပုံဖော်ထားခြင်းဖြစ်ပါတယ်။ ဒီဇာတ် ကားနဲ့ ပတ်သက်ပြီး ဒါရိုက်တာ သားညီက…

”ကျွန်တော် တက္ကသိုလ်ဇာတ် လမ်းလေးတွေ ရိုက်ကူးရတာ ပျော် တယ်။ ကျွန်တော်တို့ခေတ်တုန်းက တက်ရတဲ့ တက္ကသိုလ်က တအားပျော် ဖို့ကောင်းတယ်။ ကျောင်းသားဘဝက တအားပျော်ဖို့ ကောင်းတယ်လေ။ နောက်လာတဲ့ကလေးတွေကိုလည်း အဲဒီလိုအရသာတွေ ခံစားစေချင် တယ်။ ဟိုးအရင်တုန်းက တက္ကသိုလ် ဆိုတာ အဲဒီလိုပုံစံကွဆိုပြီး ပြချင် တယ်။ တက္ကသိုလ်တက်ဖူးတဲ့သူတွေ လည်း အဲဒီဇာတ်ကားတွေ ပြန်ကြည့် ရင် ငယ်ငယ်တုန်းက အကြောင်းလေး တွေ ပြန်သတိရမယ်ပေါ့။ ဒါပေမဲ့ ကျောင်းကို ၆ဝရာခိုင်နှုန်းလောက်ပဲ ရိုက်ပြခွင့်ရတယ်။ ရာသီဥတုအခြေ အနေကြောင့်ပါ။ ရိုက်ကွင်းတည် လိုက်တိုင်း မိုးရွာနေတာ” လို့ ပြောပါ တယ်။

ဒီဇာတ်ကားမှာတော့ အဆို တော်လွှမ်းပိုင်က ခေါင်းဆောင်မင်း သားအဖြစ် သရုပ်ဆောင်ထားပြီး အိချောပို ၊ ရဲအောင် ၊ စိုးမြတ်သူဇာ တို့ ပါဝင်ကာ ဧည့်သည်သရုပ်ဆောင် အဖြစ် အကယ်ဒမီ ခန့်စည်သူ၊ အ ကယ်ဒမီ ထွန်းထွန်း (Examplez)၊အကယ်ဒမီ ဗေလုဝ၊ သားညီ၊ ကျော် ကျော်၊ Tyronနှင့် သရုပ်ဆောင်ပေါင်း များစွာ ပါဝင်သရုပ်ဆောင်ထားကြပါ တယ်။

P-060

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here