နဝရတ်ကို အနုပညာ အလုပ်တွေ ပြန်လုပ်စေချင်တဲ့ ပြည့်ဖူးခိုင်

0
243

အနုပညာလောကနဲ့ ၈ နှစ်လောက် ကင်းကွာသွားတဲ့ သရုပ်ဆောင် ပြည့်ဖူးခိုင်ကတော့ ပရိသတ်တွေအတွက် အနု ပညာအလုပ်တွေ ပြန်လုပ်ဖြစ်တော့မှာပါ။ အနုပညာ လောကထဲကို တစ်ကျော့ပြန်ဝင်လာတဲ့အခါမှာ အသစ် တစ်ယောက်လို ဖြစ်နေတယ်လို့ဆိုတဲ့ ပြည့်ဖူးခိုင်က …

”ပထမတော့ပွဲတွေတက်ရင် စိတ်လှုပ်ရှားတယ်။ လက်ဖျားတွေဆိုအေးနေတယ်။ ဒါကလည်းကင်းကွာ သွားတဲ့အချိန်မှာ အခုလိုပြန်သွားတော့ ပထမတော့ ကိုယ်အလေးချိန် တက်သွားတဲ့အချိန်မှာ ယုံကြည်မှု သိပ်မရှိဘူး။ ဒါပေမဲ့သူ့ဟာနဲ့သူ နည်းနည်းလေး ကြည့်လို့ အဆင်ပြေ လာတဲ့အချိန်မှာ ဘာကိုစိတ်လှုပ်ရှားမှန်း မသိဘဲစိတ်လှုပ်ရှားတယ်။ ပရိသတ်တွေကို ကြောက် တယ်ဆိုတာထက် ကျွန်မလူသိပ်မကြောက်တတ်ဘူး။ ကိုယ့်လုပ်ဖော်ကိုင်ဖက်အချင်းချင်းကနေ ကိုယ်နဲ့ တအားကင်းကွာ သွားတဲ့အချိန်မှာ ကိုယ်က သတ် သတ်ကြီး သူစိမ်းလိုဖြစ်နေတာမျိုးပထမပိုင်းမှာ ကြုံရတယ်။ အဲဒီလို အချိန်မျိုးဆို ကြောင်စီစီနိုင်တာပေါ့ နော်။ အဲဒီလိုအချိန်မျိုးဆို ပရိသတ်အတွက် မနည်း အားတင်းပြီးတော့ ဒီလိုမျိုးပွဲတွေ သွားမှပဲ ကိုယ့်ကို မီဒီယာတွေမှာ တွေ့ရမယ်ပေါ့။ အခု တော့ နေသား ကျသွားပြီး ကိုယ့်ရဲ့ မိသားစု ကိုယ့်ရဲ့အမြဲတမ်းသွားလာ နေကျ ပတ်ဝန်းကျင်တစ်ခုလို ပြန် ဖြစ်သွားပါပြီ” လို့ ပြောပါတယ်။

ပြည့်ဖူးခိုင်ကသရုပ်ဆောင်နဝရတ်နဲ့ဆိုရင် ညီမ ဝမ်းကွဲတော်စပ်ပါတယ်။ အသက်ဆယ်နှစ်ကျော် ကွာတာ ကြောင့်ရွယ်တူညီအစ်မတွေ လိုမျိုးတော့ စကားမပြော ဖြစ်ကြပေမယ့် ရှုတင်မှာဆုံတဲ့အခါမျိုးမှာတော့ အစ်မဖြစ်သူ နဝရတ်က အနုပညာနဲ့ ပတ်သက်ပြီး သင်ပြပေးလေ့ရှိတယ်လို့ ဆိုပါတယ်။ အစ်မဖြစ်သူ နဝရတ်ကို ပရိသတ်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေ ပြန်လုပ်စေချင်ကြောင်းကိုပြည့်ဖူးခိုင်က …

”ဟိုတစ်နေ့က အမေမွှေး (မို့မို့မြင့်အောင်)နဲ့ ပြည့်ဖူးနဲ့ ပွဲတစ်ပွဲမှာတွေ့တော့ နဝရတ်အနုပညာအလုပ်တွေ မလုပ်တာ သူတအားနှမြောတယ်တဲ့။ အမေမွှေးပြောတယ် ပြောလိုက်ပါတဲ့။ ကျွန်မလည်း သူ့ကိုနှမြောပါတယ်။ အခုအချိန်မှာ ကျွန်မတို့ရဲ့ ကြီး ကြီးကကျန်းမာရေးသိပ်မကောင်းဘူး။ အခုပြင်ဦးလွင်မှာ သူ့ အမေကို ကိုယ်ဖိရင်ဖိပြုစုနေတယ်။ သူ့ကိုလည်း ဖြစ်နိုင် မယ် ဆိုရင်အနုပညာအလုပ်တွေ ပြန်လုပ်စေချင်ပါတယ်။ ကျွန်မ ဆိုရင် သူ့လောက်တောင် သရုပ်ဆောင်မကောင်းဘူး။ သူဆိုရင် သရုပ် ဆောင်ကောင်းတယ်လို့ လက်ခံလို့ရတဲ့ မင်းသမီးထဲမှာပါတယ်။ ပရိသတ်တစ်ယောက်အနေ နဲ့ဆိုရင် သူနဲ့တန်းတူတဲ့ မင်းသမီးတွေ လည်း အခုအချိန်ထိ အခန်းကဏ္ဍတစ်ခုစီကနေ ရိုက် ကူးနေကြတဲ့ အပေါ်မှာကျွန်မလည်း ကျွန်မရဲ့ အစ်မကို ဇာတ်ကား တွေ ပြန် ရိုက်ကူးစေချင်ပါတယ်။ ကျွန်မ အနုပညာ အလုပ်တွေ ပြန်လုပ်မယ် ဆိုတော့သူကသဘောကျပါတယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here