မိသားစုကိစ္စတွေကြောင့် အနုပညာအလုပ်တွေ ခဏနားထားတဲ့ သရုပ်ဆောင် အားသစ်

0
447

ကလေးသရုပ်ဆောင်ကနေ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာခဲ့တဲ့ သရုပ်ဆောင်အားသစ်ဟာ အခုအသက် ၂ဝ အရွယ်ကို ရောက်ရှိလာ တဲ့အချိန်မှာလည်း ပရိသတ်ရဲ့အချစ်က လျော့ကျသွားခြင်းမရှိပါဘူး။ ဒီလို ပရိသတ်အားပေးတဲ့အပေါ် ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို ဘယ်လိုဆက်လုပ်သွားဖို့ရှိသလဲလို့ မေးကြည့် တဲ့အခါမှာတော့ အားသစ်က …

”ကျွန်တော်ဒီရက်ပိုင်းမှာ အနုပညာအလုပ်တွေ လုပ်ဖို့တော့ အစီအစဉ်မရှိ သေးပါဘူး။ ဒီနှစ်ကုန် လောက်ဆိုရင်တော့ အနုပညာ အလုပ်တွေ ပြန်လုပ်ဖြစ်မှာပါ။ အနုပညာလုပ်ငန်းတွေ ခဏနားထားတာကလည်း အိမ်ရဲ့ မိသားစုကိစ္စကြောင့်ပါ။ ကျွန်တော့် Personal ကိစ္စတွေ အဆင်မပြေတာတွေရှိလို့ စိတ်တွေ သိပ်ပြီးလည်း မကြည်ဘူးဖြစ်နေတယ်။ ပြီးတော့ ဖေ့စ်ဘုတ်ခ်မှာ ကျွန်တော့်ကို စကားလာပြောတဲ့ အခါကျရင် ကျွန်တော်ပြန်ပြောလိုက်တဲ့ စကားတွေက အဆင်မပြေဖြစ်မှာစိုးလို့ ကျွန်တော်အခု ဖေ့စ်ဘုတ်ခ်လည်း မသုံးဖြစ်ဘူး။ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ် တွေအတွက်တော့ ရိုက်ကူးထားတဲ့ဇာတ်ကားတွေက ရုံတင်ဖို့ စောင့်နေရပါတယ်။

နောက် ပါဝင်ရိုက်ကူးဖို့ ဇာတ်ကားတွေကို ကျွန်တော့်ဘာသာ ကျွန်တော်စဉ်းစားထားပြီးတော့ လုပ်ဖြစ်မယ့် ပုံစံလေးတွေ ရှိတယ်။ အဲဒီအတွက် ပရိသတ်ကြီးအနေနဲ့ ကျွန်တော့်ရဲ့ အနုပညာ တွေကို စောင့်ကြည့်ပေးကြပါ”လို့ အားသစ်က ပြောပါတယ်။

အသက် ၂ဝ နှစ်ထဲ အရွယ်ရောက်ရှိနေတဲ့အချိန်မှာလည်း ကိုယ်က တည်ငြိမ်၊ ရင့်ကျက် တဲ့လူကြီးပုံစံနဲ့ တူနေ တဲ့အပေါ်မှာ ဘယ်လိုခံစားမိလဲလို့ မေးကြည့်တဲ့အခါမှာတော့ အားသစ် က…

”ကျွန်တော်မှတ်မိသလောက် တော့ ကျွန်တော်ငယ်ငယ်က တအားဆော့တယ်။ ရိုက်ကွင်းတွေ ဘာတွေ သွားရင်လည်း ဆော့တယ်။ တခြား အပြင် ရှုတင်တွေသွားလို့ ရှိရင်လည်းဆော့တယ်။ အဲဒါကြောင့် ရှုတင်မှာဆို သိပ်အဆင်မပြေဘူး။ ပြီးတော့ အဖေက ရိုက်တယ်။ အဲဒါနဲ့ နောက်ပိုင်းကျတော့ မဆော့ဖြစ်တော့ဘူး။ သိပ်လည်း စကားမပြောဘူး။ အဲဒါကြောင့် အခု နောက်ပိုင်းဆို သူငယ်ချင်းတွေက တောင်ပြောတယ်။ စကားတအား နည်းလို့။ ဒီလိုမျိုး ဖြစ်လာတဲ့အချိန်ကျတော့လည်း အလုပ်မှာ Comnunication ကောင်းအောင် ပြန်ပြီးတော့ ကြိုးစားနေရတယ်”လို့ အားသစ်က ပြောပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here