ကျောင်းပြီးသွားရင် ဆရာဝန်အနေနဲ့ပဲ ရပ်တည်သွားမယ့် ပိုးမမှီသာ

0
298

စိုင်းစိုင်းခမ်းလှိုင်ရဲ့ ‘သိင်္ဂါရ သီချင်းတစ်ပုဒ်’ ဆိုတဲ့ တေးသီချင်း သရုပ်ဖော်ရိုက်ကူးရာမှာ ပါဝင် သရုပ်ဆောင်ထားတဲ့ ကောင်မ လေး။ သူ့နာမည်က ပိုးမမှီသာ။

ပြီးတော့ သူ့ကို ရေပန်းစားနေ တဲ့ ဖုန်းအမှတ် တံဆိပ်တစ်ခုနဲ့လည်း တွဲပြီး တွေ့တွေ့နေရတယ်။ သူက မြန်မာဆန်တယ်။ တည်ငြိမ်တယ်။ ပြီးတော့ မကြာခင် ဆရာဝန်ဖြစ်တော့ မယ့် ဆေးကျောင်းသူလေး။ လက်ရှိ ကျောင်းပညာရေး အခြေအနေလေး ပြောပြပါလားလို့ ဆိုတော့…

”အခုတော့ ညီမက Final Part-2 ဆိုတော့ အရေးကြီးတဲ့အချိန် ကို ရောက်ရှိလာပါပြီ။ အခုလို အနုပညာ အလုပ်လေးတွေ နည်းနည်းလုပ်ကိုင်လာ တဲ့အခါကျတော့ ကျောင်းပညာရေးဘက်မှာ နည်း နည်းလေး လစ်ဟင်း တာမျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ အရေးကြီးလာတဲ့အပိုင်းကို ရောက်ရှိလာတဲ့အခါမှာ အနုပညာဘက်ကို လျှော့ပြီး ကျောင်းပညာရေးဘက်ကို ပိုပြီး အားပေးဖို့ အချိန် ရောက်လာပြီပေါ့နော်။ အဲဒီတော့ အချိန်ရရင် ရသလို၊ ကိုယ်အားရင် အားသလို အနုပညာအလုပ်လေးတွေ လည်း လုပ်ကိုင်မယ်။ ကျောင်းပညာရေးဘက်ကိုလည်း အကောင်း ဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ” လို့ ပိုးမမှီသာက ပြောပါတယ်။

ဘွဲ့ရလို့ ဆရာဝန်ဖြစ်သွားရင် အနုပညာ အလုပ် နဲ့ ဆရာဝန်အလုပ်မှာ ညီမ ဘယ်အလုပ်ကို ရွေးချယ် လုပ်ကိုင်မလဲလို့ ဆိုတော့…..

”အခုလောလောဆယ်အထိ ဆုံးဖြတ်ထားတာ ကတော့ ကျောင်းပြီး လို့ ဘွဲ့ရပြီးသွားရင် ဆရာဝန်တစ် ယောက်အနေနဲ့ပဲ ရပ်တည်သွားဖို့ ဆုံးဖြတ်ထား ပါတယ်။ အနုပညာ အလုပ်ကတော့ ကျောင်း မပြီးခင် ကိုယ်ကလည်း ဝါသနာပါလို့ လုပ် ကိုင်ဖြစ်တာပါ” လို့ ပိုးမမှီသာက ပြော ပြခဲ့ပါတယ်။

မျိုးမောင်၊ 

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here