အမေ့ကို စိတ်ချမ်းသာအောင် ထားချင်သူ သဘင်မင်းသား ဘွန်း

0
210

 

သဘင်မင်းသမီးကြီး နန်းခင်မွှေးရဲ့သား ဘွန်းက တင်မောင်ဆန်းမင်းဝင်းရဲ့ ရွှေမန်းသဘင်ဇာတ် မှာ ကပြလျက်ရှိနေပါတယ်။ ဂီတစာဆိုနန်းတော်ရှေ့ ဆရာတင်ရဲ့ မျိုးဆက်တစ်ဦးဖြစ်သည်နဲ့အညီ အနုပညာနဲ့ပတ်သက်လို့ ငယ်စဉ်ကတည်းက ဗီဇဖြစ်တည်လာခဲ့ပါတယ်။ မိခင်ဖြစ်သူမင်းသမီးကြီး နန်း ခင်မွှေးနဲ့ ဦးလေးဖြစ်သူ မင်းသားကြီးဦးနန်းဝင်းတို့ကို စံထားအားကျရင်း သူဟာသဘင်မင်းသားတစ်ဦး ဖြစ်ချင်ခဲ့သူပါ။

”မေမေကတော့ သီချင်းလည်း ဆိုတတ်၊ ပြောလည်းပြောတတ်ဆိုတော့ အဲဒါတွေကိုတအားသဘောကျပါတယ်။ လူမှုဆက်ဆံရေးကလည်း တအားကောင်း လွန်းတာမို့ ဒါကို အတုယူသွားရဦးမှာပါပဲ။ မေမေတို့၊ လေးလေးကြီးတို့ရဲ့ ပညာ တွေကိုတော့ ကျွန်တော်ဘယ်လိုမှ လိုက်မမီနိုင်ပါဘူး။ ဒါကြောင့်လည်း ကျွန်တော့် အနေနဲ့ တတ်နိုင်သလောက်တော့ အချိန်ရရင်ရသလို မေမေနဲ့လေးလေးကြီးဆီမှာ ပညာယူပါတယ်။ ပြီးတော့ ကျွန်တော်ကအနေအေးတော့ လူတွေနဲ့သိပ်ပြီး မဆက်ဆံ တတ်သေးဘူး။ ဒါကြောင့် မေမေက လူမှုဆက်ဆံရေးပိုင်းတွေကိုလည်း အဓိကသင် ပေးတယ်။ ပြီးတော့ ခွန်းထောက်ဆိုတာ၊ နရီဆိုတာတို့နဲ့ ပတ်သက်လို့မေမေက ပြောပြ ပေးတယ်” လို့ မိခင်ဖြစ်သူကို စံထားအားကျရတဲ့အပိုင်းကို ဘွန်းကပြောပြပါတယ်။

ဘွန်း က မိခင်ဖြစ်သူကို စိတ်ချမ်းသာအောင်အမြဲထားချင်သူပါ။ အမေကိုချစ်တဲ့ သား တစ်ယောက်ဖြစ်တဲ့အတွက်လည်း အမေ့မျက်နှာကိုအရိပ်တကြည့်ကြည့်နဲ့ကြည့်ပြီး အမေ့အတွက် အားဖြစ်စေလိုသူပါ။ ဒါကြောင့်လည်း သူဟာမိခင်မကြိုက်တာတွေကိုမလုပ်ဖြစ်ခဲ့ပါဘူး။ဒါ့အပြင် နန်းတော်ရှေ့ ဆရာတင်မျိုးရိုးဖြစ်တဲ့အတွက် ဒီမျိုးရိုးရဲ့တာဝန် ဟာ သူ့အပေါ်လည်း ရောက်ရှိလို့နေပါတယ်။ ဒါကြောင့်လည်း မျိုးရိုးမပျောက်သွားရအောင် ဆက်လက်ထိန်းသိမ်းရင်း ဇာတ်သဘင်ပိုင်းမှာလည်း အောင်မြင်မှုရရှိအောင် ကြိုးစားနေပါ တယ်။ ပရိသတ်တွေကို အစဉ်လေးစားသူဖြစ်တဲ့အတွက် နောက်ပိုင်းမှာလည်း ပရိသတ်တွေ နဲ့ ပိုပြီးထိတွေ့နိုင်အောင် ကြိုးစားသွားမှာဖြစ်သလို အလုပ်ကိုလည်း ဒီ့ထက်ပို ပြီးတော့ ကြိုးစားလုပ်ကိုင်သွားပါ့မယ်လို့ ဘွန်းကပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here