နိုင်ငံခြား Fashion Brand တစ်ခုနဲ့ Collaboration လုပ်ဖို့ စီစဉ်နေတဲ့အဆိုတော် Ar.T

0
265

L’OREAL PARIS ပွဲကို ဖက်ရှင်ပုံစံတစ်မျိုးလေးနဲ့ တက်ရောက် ခဲ့တဲ့ အဆိုတော် Ar.T။ ပြီးတော့ Ar.T က Street Fashion တွေကို နှစ်သက်တဲ့သူတစ်ယောက်ပါတဲ့။ ကိုယ်တိုင်ကလည်း တစ်ပွဲနဲ့တစ်ပွဲ မတူအောင် ဝတ်စားဆင်ယင်ခဲ့ပါတယ်။ ဖက်ရှင်ကို အလေးထား တတ်တဲ့ သူတစ်ယောက်ဆိုတော့ ကိုယ်ပိုင် Fasshion Brand ထုတ် လုပ်သွားဖို့ အစီအစဉ်ရှိမလားလို့ Ar.Y ကို မေးတော့ …

“ထုတ်လုပ်သွားဖို့တော့ရှိတယ်။ ဒါပေမဲ့ အခုလောလောဆယ် တော့ မထုတ်ဖြစ်သေးဘူး။ အခြေအနေတစ်ခုကို ခဏစောင့်တာပေါ့ နော်။ ကျွန်တော့်ဘက်က Ready ဖြစ်ရင်တော့ ထုတ်ဖို့ရှိပါတယ်။ ကျွန်တော် နိုင်ငံခြား Brand တစ်ခုနဲ့လည်း စကားပြောနေပါတယ်။ Collaboration လုပ်ဖို့ အတွက်လေ”လို့ ပြောပါတယ်။ ဒီကြားထဲမှာ Ar.T က သူ့ရဲ့ Music Video အနေနဲ့ ထွက်လာဖို့လည်း ရှိတယ်။ Ar.T က အသက်အရွယ်သာ တဖြည်းဖြည်းကြီးလာပေမယ့် အသက် ၂၀ အရွယ် လူငယ်လေးအတိုင်းပါပဲ။ လွတ်လပ်ပေါ့ပါးတယ်။ ရိုးရိုးရှင်းရှင်းပဲ။ သူ့ရဲ့ နေ့စဉ်ဖြတ်သန်းမှု Life Style က …

“အိမ်မှာနေလို့ကတော့ အားကစားဝတ်စုံနဲ့ ပေါ့ပေါ့ပါးပါးပဲနေ ဖြစ်တာများပါတယ်။ ကျွန်တော့်ရဲ့ အချိန်အများစုက Gym မှာ ကုန်တာများတယ်။ အလုပ်ရှိတဲ့နေ့ဆို အလုပ်လုပ်။ အိမ်မှာနေရင် တီဗီကြည့်။ မဟုတ်ရင် Gym သွား ကျွန်တော့်ရဲ့နေထိုင်မှုပုံစံက ဒီလောက်ပါပဲဗျ”လို့ Ar.Tက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here