အချစ်ရေးမှာ ပေးဆပ်ရတာကိုသဘောကျတဲ့ပေးဆပ်ရတာကိုသဘောကျတဲ့အဆိုတော် Mary

0
145

ပရိသတ်တွေရဲ့ အားပေးမှု အပြည့်အဝရရှိထားတဲ့ အဆိုတော် Mary ကတော့ ဒီလထဲမှာ Single Song တစ်ပုဒ် ထွက်ရှိမှာဖြစ်ပြီး သူ့ရဲ့ တစ်ကိုယ် တော်အယ်လ်ဘမ်ထွက်ရှိဖို့လည်း စီစဉ်နေပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော် အယ်လ်ဘမ်နဲ့ ပတ်သက်ပြီး ….

“အဲဒီအယ်လ်ဘမ်ထဲမှာ Mary ကိုယ်တိုင်ရေးစပ်ထားတဲ့ သီချင်းတွေ လည်း ပါဝင်မယ်။ သီချင်းအားလုံး ၁၂ ပုဒ်လောက်ထည့်ထားပါတယ်။ သီချင်းတွေ ကတော့ အားလုံးပြီးစီးသွားပါပြီ။ သီချင်းပုံစံတွေကတော့ အရင်ဆိုရင် Mary က အားငယ်တယ်၊ အသည်းကွဲတယ်။ ကိုယ့်ဘက်က အလျှော့ပေးတဲ့သီချင်းတွေ လည်းရှိတယ်။ ဒီအယ်လ်ဘမ်ထဲမှာတော့ ပေါက်ကွဲတဲ့ပုံပေါ့။ ဒီ Relationship နဲ့ပတ်သက်ပြီး ဘာကိုမှ ဂရုမစိုက်တော့ဘူးဆိုတဲ့ ပုံစံတွေသီဆိုထားပါတယ်။ ဆိုပုံဆိုပေါက်လေးတွေ၊ အရေးအသားလေးတွေ နည်းနည်းပြောင်းထားတယ်။ Mary ရဲ့ ပရိသတ်တွေ ကြိုက်မယ်လို့ထင်ပါတယ်” လို့Mary က ပြောပြခဲ့ ပါတယ်။

အသည်းကွဲ ရင်တောင် တခြားသူတွေ ဆီ ရင်မဖွင့်ဖြစ် ဘဲ သီချင်းတွေပဲ ချ ရေးတတ်တယ်လို့ပြော လာတဲ့ Mary က …

“ကိုယ်ကိုယ်တိုင်က ချစ် သူနဲ့အတူ ပျော်နေရင် တောင် အလွန်ချစ်ပါတယ် ဆိုတဲ့ သီချင်းမျိုး မရေး တတ်ဘဲ အသည်းကွဲသီ ချင်းပဲ ရေးတတ်တယ်။ ချစ်သူနဲ့ လမ်းခွဲပြတ်စဲပြီဆို ရင်တော့ အသည်းကွဲသီချင်းတွေ တအားထွက်တယ်။ အချစ်နဲ့အတူ ပျော်ရွှင်ရတဲ့အရာတွေဆို သိပ် မပြောတတ်တဲ့မိန်းကလေးမျိုးပါ။ ကိုယ် က အသည်းကွဲနေရင်တောင် ရင်မဖွင့် ဘူး။ သီချင်းတွေပဲချရေးတယ်။ အဲဒါ ကြောင့် နုနုရွရွတွေသီချင်းတွေဆိုရင် လည်း ကိုယ်နဲ့မလိုက်ဘူးလို့ထင်တယ်။ ချစ်တာကတော့ တအားချစ်တတ်တယ်။ အချစ်ရေးမှာ ကိုယ်ခံယူထားတာကတော့ Girlfriend တစ်ယောက်ဖြစ်လာရင် ပေး ဆပ်ရတာ သဘောကျတယ်။ ပျော်အောင် လည်းထားချင်တယ်။ ကိုယ်လည်း အချစ် ခံချင်တယ်။ လက်ရှိမှာတော့ အချစ်ရေး က ဘာမှန်းတောင်မသိသေးဘူး” လို့ ပြောပြခဲ့ပါတယ်။

သတင်း – ဇော်ဝင်းအောင်

ဓာတ်ပုံ အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here