ရယ်စရာတွေနဲ့ ဘဝအမောပြေစေမယ့် ‘ဝိုင်းကြီးချုပ် စပွန်ဆာ’ ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသ

0
292

လူစွမ်းကောင်း ရုပ်ရှင်ထုတ်လုပ် ရေးမှ ထုတ်လုပ်ပြီး အဆွေတော်ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ သြရသ ရိုက်ကူးထားတဲ့ ‘ဝိုင်းကြီးချုပ်စပွန် ဆာ’ အထူးပြသပွဲကို ဇူလိုင်လ ၁၅ ရက်နေ့က သမ္မတရုပ်ရှင်ရုံမှာ ပြသခဲ့ ပါတယ်။ ခန့်စည်သူ၊ ဇေရဲထက်၊ ရွှေမှုံရတီ၊ စိုးမြတ်သူဇာ၊ ခင်လှိုင်၊ တက္ကသိုလ်ဂွမ်းပုံ၊ ကျော်ကျော်တို့နဲ့ ဟာသသရုပ်ဆောင်ပေါင်းများစွာ တို့က ပါဝင်သရုပ်ဆောင်ထားကြပါ တယ်။ အဆိုပါဇာတ်ကားရဲ့ ဒါရိုက်တာဖြစ်သူ သြရသက…

”ဒီဇာတ်ကားလေးက ပရိသတ်တွေ ဘဝအမောပြေစေမယ့် ဇာတ်ကားကောင်းတစ်ကားပါ။ ပရိသတ် အနေနဲ့ ပျော်စရာ၊ ရယ်စရာတွေကို ကြည့်ရှုခံစားရမှာပါ။ ပရိသတ်ကြီး လာရောက်ကြည့်ရှုကြပါ။ ကျေနပ်စေ ရပါမယ်”လို့ ပြောပြခဲ့ပါတယ်။

‘ဝိုင်းကြီးချုပ်စပွန်ဆာ’ ရုပ်ရှင် ဇာတ်ကားကြီးကို ဇူလိုင်လ ၂ဝ ရက် နေ့မှစတင်ကာ တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံကြီးများမှာ ပြသလျက် ရှိပါတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here