မျှော်စင်ကျွန်းမိုးရာသီဖျော်ဖြေပွဲကနေကြိုနေမယ့်တင်မောင်ဆန်းမင်းဝင်းတို့ရွှေမန်းသဘင်

0
246

ပရိသတ်တွေ မျှော်လင့်နေကြတဲ့ တင်မောင်ဆန်းမင်းဝင်းတို့ရဲ့ မိုးရာသီ အထူး ဖျော်ဖြေပွဲကို ဇူလိုင်လ ၂၁ ရက်နေ့မှ စတင် ပြီး အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့များတွင် ရန်ကုန်မြို့၊ မျှော်စင်ကျွန်းက ရွှေဇာတ်ရုံမှာ ညစဉ်၇နာရီစမှစတင်ကာ ဖျော်ဖြေနေပြီ ဖြစ်ပါတယ်။ ဒီမိုးရာသီပွဲအတွက်တင် မောင်ဆန်းမင်းဝင်းတို့ ရွှေမန်းအဖွဲ့ သားများ ကနေ့စဉ်အကတိုက်နေခဲ့တာပဲဖြစ်ပါတယ်။ အခုနှစ်က ၄ နှစ် မြောက်ဖြစ်တဲ့အတွက် ပရိသတ်တွေအနေနဲ့လည်း အရင်နှစ်တွေ နဲ့မတူတဲ့တင်ဆက်မှုတွေကို မြင်တွေ့ရမှာပါ။

”တစ်နှစ်ထက်တစ်နှစ်ကိုယ့်ကိုယ် ကိုယ် ပြိုင်တဲ့ ပွဲဖြစ်တဲ့အတွက် စိတ်လှုပ်ရှား မှုကပိုများပါတယ်။ အဓိကကတော့ ကျွန်တော် တို့ရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ ရှေ့နှစ်စံချိန် တွေကိုချိုးရမှာပါ။ ကပြရေးအပိုင်းမှာ မတူတဲ့ Performance ငါကနိုင်သေး ရဲ့လားဆိုတာ အရင်ဆုံးဆန်းစစ်ရသေးတယ်။ တစ်နှစ် ထက်တစ်နှစ်ပေါ့လေ။ ကနိုင်သေးတယ်။ အခုတော့ ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်ကြည့် တော့ စာမေးပွဲအောင်နေပါပြီ။ ဒီနှစ် ကတော့ ဇာတ်ထုပ်တော်တော်များ များကို အားပြုထား ပါတယ်။ ဇာတ်ထုပ်ဆိုတဲ့နေရာမှာ တူတဲ့ Presentation တွေနဲ့ တင်ဆက်မယ်ပေါ့။ နောက်ပိုင်းကဏ္ဍမှာရာဇဝင်တွေပေါ့။ လူသိ များတဲ့ရာဇဝင်တွေရှိသလို လူမသိသေး တဲ့ ရာဇဝင်တွေရှိတယ်လေ။ အဲဒါတွေကိုပြန် ပြီးတော့ ဖော်ထုတ်ပါတယ်။ ပြီးတော့ အဲဒါ တွေကိုနောက်ပိုင်းဇာတ်တော်ကြီးဆန်ဆန်၊ အော်ပရာဆန်ဆန်ကပြသွားမယ်”လို့ တင် ဆက်မှုတွေနဲ့ပတ်သက်လို့ တင်မောင် ဆန်း မင်းဝင်းက ပြောပါတယ်။မိုးရာ သီပွဲ အဖွင့် ကိုတော့ ရွှေတံခါးကြီးနဲ့ ဖွင့်ခဲ့ပြီး ပရိသတ်တွေ အံ့သြစေလောက်အောင်လည်း ပြုလုပ်ပြ ခဲ့ပါတယ်။ ဒါကလည်းလာကြည့်တဲ့ ပရိသတ် တွေကို ရွှေတံခါးကြီးဖွင့်ပြီး တော့ လေးလေး စားစားနဲ့ ကြိုတယ် ဆိုတာကို ပြချင်တာပါလို့ တင်မောင်ဆန်းမင်းဝင်းကပြောပါတယ်။ မိုး ရာသီဖျော်ဖြေပွဲမှာတော့မင်းရွှေရောင် တင်ရဲ့ တစ်ကိုယ်တော်နှစ်ပါးသွားလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်ရဲ့ ဘဝအကြောင်းကို တင်မောင်ဆန်းမင်းဝင်းတို့သားအဖက ပြန် လည် ကပြသွားဦးမှာဖြစ်ပါတယ်။ လက်မှတ် ဈေးနှုန်း များကတော့ ကျပ် ၅ဝဝဝ၊ ၇ဝဝဝ၊ ၁ဝဝဝဝ ဖြစ်တယ်လို့ သိရပါတယ်။

လင်းအက္ခရာ
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here