ပုပ္ပားမှာ သွားရောက်ရိုက်ကူးမယ့် ‘မြင်းဖြူ ရှင်နှင့် မြင်းသည်တော် ဖိုးအေး’ ရုပ်ရှင်ဇာတ်ကား

0
205

Golden Hour Entertainment က ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)နဲ့ ရိုက်ကူးမယ့် “မြင်းဖြူရှင်နှင့် မြင်း သည်တော် ဖိုးအေး” ရုပ်ရှင်ဇာတ်ကား ကို ကန်တော့ပွဲပေးလိုက်ပါပြီ။ ပုပ္ပား မှာ သွားရောက်ရိုက်ကူးမယ့် ရုပ်ရှင် ဇာတ်ကားမှာ အကယ်ဒမီဗေလုဝက အဓိက ဇာတ်ဆောင်နေရာက သရုပ် ဆောင်ဖို့ရှိကြောင်း စတီးလ်က ပြော ပါတယ်။ သူတည်ထားတဲ့ ဇာတ်လမ်း ပုံစံက …

“ကျွန်တော်တို့ ကိုးကွယ် တာ လွန်ကျွံတဲ့ဟာလေးတစ်ခုပေါ့။ ဒါပေမဲ့ ကိုးကွယ်တဲ့ဟာက လွန်ကျွံ သွားလို့ရှိရင်၊ အယုံအကြည်လွန်သွား လို့ရှိရင် ဒီအပေါ်မှာ ဖြစ်လာတဲ့ ဆိုး ကျိုးလေးတွေရှိတယ်။ လိမ်လည်မှု လေးတွေရှိတယ်။ မသမာမှုတွေရှိ တယ်။ ဒီဟာလေးကို ကျွန်တော်တို့ ဇာတ်လမ်း သဘောလေးလုပ်ထား တာဖြစ်ပါတယ်”လို့ ဒါရိုက်တာစတီးလ် ကပြောပါတယ်။ ဒီဇာတ်ကားမှာ အကယ်ဒမီဇင်ဝိုင်းနဲ့ အကယ်ဒမီ မင်းမော်ကွန်းတို့ သားအဖ ၂ ယောက်လည်း ပါဝင်သလို သရုပ် ဆောင်ပိုင်နိုင်လှတဲ့ နေမျိုးအောင်၊ အမျိုးသမီးဘက်မှာဆို မတွေ့ရတာ ကြာပြီဖြစ်တဲ့ ဂန္တဝင်၊ ပြီးတော့ ဒီ ဘက်ခေတ် မင်းသမီးတွေဖြစ်တဲ့ ရွှေသမီး၊ နန်းခင်ဇေယျာ စသဖြင့် စုံလင်လှပါတယ်။ ဂန္တဝင်ကို ဘာ ကြောင့်ရွေးချယ်ဖြစ်တာလဲဆိုတာကို တော့ ဒါရိုက်တာစတီးလ်က…

“ဒီအထဲမှာ ပညာတတ်ကျောင်း ဆရာလေး တစ်ယောက်ပါတယ်။ ဒီ ကျောင်းဆရာမလေးက ပညာတတ် တဲ့အခါကျတော့ ဒီယုံကြည်မှုပေါ်မှာ လွန်ကဲပြီးတော့ ဖြစ်နေတဲ့ဟာတွေကို သူက စာပေပညာအရ သိနေတဲ့အခါ ကျတော့ သူက ထောက်ပြချင်တယ်။ ထောက်ပြချင်တဲ့အခါကျတော့ ကျွန် တော်တို့ရိုက်နေတဲ့အထဲမှာ ပျောက် နေတဲ့ အနုပညာရှင်တစ်ယောက်ကို လိုချင်တော့ ကျွန်တော်က ဂန္တဝင်ကို လှမ်းဆက်သွယ်ကြည့်တာ။ ဂန္တဝင် သရုပ်ဆောင်လေးများ ပြန်လုပ်ချင် မလားဆိုတော့ သူက အိုကေ…၊ ကျွန်မလုပ်ချင်တယ်။ ဇာတ်လမ်း လေးပြော ပြဆိုပြီး ကာရိုက်တာလေး ကြိုက်လို့ လက်ခံဖြစ်တယ်။ အဲဒါက တော့ ကျွန်တော်တို့အတွက် Plus ပေါ့နော်။ မရိုက်တော့တဲ့အနုပညာ ရှင်တွေကို ပြန်လည်ပွဲထုတ်ချင်တာ လည်း ပါတယ်ပေါ့” လို့ ပြောပြခဲ့ပါ တယ်။

သတင်း၊

ဓာတ်ပုံ-မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here