၂ရက်တိုင်တိုင် ကျင်းပ ပြုလုပ်သွားမယ့် Prestige Wedding Showcase 2019

0
239

မင်္ဂလာပွဲကျင်းပတော့မယ့် မင်္ဂလာမောင်နှံများ လေ့လာဖို့သင့်သလို Wedding နဲ့ ပတ်သက်လို့ စိတ်ဝင်စားသူတွေအတွက်အထူးသင့်လျော် လှပါတယ်။ ဇူလိုင်လ ၂၈ရက်နဲ့ ၂၉ ရက်နေ့တို့မှာကျင်းပမယ့် Wedding ပွဲတစ်ပွဲရှိပါတယ်။ အဲဒီပွဲကတော့ ရန်ကုန်မြို့၊ Sule Shangrila Hotel မှာ ကျင်းပမယ့် Prestige Wedding Showcase 2019 ပွဲပဲဖြစ်ပါတယ်။ Prestige Event Management Wedding Planning ရဲ့ Founder ဖြစ်သူ မသန္တာဆွေက…..

“မကြာခင်ဝါကျွတ်ရင် မင်္ဂလာဆောင်ကြတော့မယ့် သတို့သား၊ သတို့ သမီးတွေအတွက်က ဒီတစ်နေရာတည်းမှာပဲ Service အစုံပေါ့နော်။ တစ်နေရာတည်းမှာပဲ ရစေချင်တယ်။ ကြည့်စေချင်တယ်။ နောက်တစ်ခါ Planner တွေပါလာတဲ့အခါကျတော့ ကိုယ့်မင်္ဂလာပွဲအတွက် ဘာတွေ လုပ်ရမလဲဆိုတဲ့ဟာကို သိသွားစေချင်တယ်။ နောက်တစ်ခါ ဖြစ်နေတဲ့ Wedding Trend ပေါ့နော်။ အဲဒီ Trend လေးတွေ ကိုလည်း သူတို့ကိုနားလည်စေချင်တယ်။ ဒီ Wedding ပွဲမှာ ထူးခြားတာ ဘာပါသလဲ ဆိုရင် ဆွမ်းကျွေးတို့၊ ပွဲတက်ဝတ်စုံတို့၊ ရိုး ရာတို့ အဲဒါတွေကို တစ်ရက်ပြမယ်။ နောက်တစ်ရက်က ကျတော့ Main Dress ကြီးတွေကိုပြမယ်။ ဘယ်ဒီဇိုင်နာတွေနဲ့ ဘယ်လို မျိုးလေးတွေဆို အဆင်ပြေတယ်ဆိုတာမျိုးဖြစ်အောင်ပြသချင်တာပါ” လို့ ပြောပါတယ်။ အဆိုပါပွဲကြီးကို Main Sponsor အဖြစ် Forever Gems by ရွှေနန်းတော်မှ အဓိကကူညီပံ့ပိုးပေးထားတာဖြစ်ပါတယ်။

သတင်း

ဓာတ်ပုံ-မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here