ရုရှားနိုင်ငံမှာ မြန်မာ့အနုပညာတွေ တင်ဆက်ကြမယ့် မြန်မာလူငယ်အဖွဲ့

0
172

မြန်​မာနိုင်​ငံ Private Teachers Association နဲ့ Russia နိုင်င်္င Vladivosok မြို့ Okean Children Centre တို့သ​ဘောတူညီချက်​ဖြင့်​ ဇူလိုင်လ ၁၈ ရက်နေ့မှ သြဂုတ်လ ၈ရက်​နေ့ထိ ရုရှားနိုင်ငံမှာကျင်းပမယ့် နိုင်​ငံ​ပေါင်း ၁၂ နိုင်​ငံ လူငယ်​​ရေးရာ နှီး​နှောဖလှယ်ပွဲတော်​ကို တက်​​ရောက် ဖို့ မြန်မာလူငယ်များက ဇူလိုင်လ ၁၅ ရက်နေ့ ညက ရုရှားနိုင်ငံကိုထွက်ခွာသွားကြပြီဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ မြန်မာနိုင်ငံ သဘင် အစည်းအရုံး (ဗဟို)မှ ဒုတိယဥက္ကဋ္ဌဦးမိုးဝင်း၊ ပြန်ကြားရေးမှူး ဒေါ်ပတ္တမြားကေခိုင် တို့နဲ့အတူ လူငယ်၁၃ဦးလိုက်ပါသွားခဲ့ကြပါတယ်။

ရုရှားနိုင်ငံမှာမြန်မာ့အနုပညာတွေကို ပြသတင်ဆက်သွားကြမှာဖြစ်ပြီး အားကစား ပြိုင်ပွဲများကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

“ကျွန်တော်တို့အနေနဲ့ မြန်မာ့ရိုးရာအနုပညာတွေကို တင်ဆက်သွားမှာပါ။ အဲဒီ အတွက်လည်း ကျွန်တော်တို့အားလုံး လေ့ကျင့်သင်ကြားခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံအနေနဲ့ ဂုဏ်ယူစရာဖြစ်အောင် ကြိုးစားခဲ့မှာပါ။ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားသွားမှာပါ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံပေါင်းစုံဆိုတော့ ကိုယ့်နိုင်ငံ မျက်နှာ ပန်းလှဖို့ သိပ်အရေးကြီးတယ်လေ” လို့ ခရီးစဉ်နဲ့ ပတ်သက်ပြီး နေမိုးဝင်းက ပြောပါ တယ်။

ဒီခရီးစဉ်ကတော့ ရက်သတ္တပတ် ၃ပတ်ကြာ မြင့်မှာဖြစ်ပြီး ရုရှားနိုင်ငံရဲ့ အထင် ကရနေရာတွေကိုလည်းလေ့လာခွင့်ရရှိကြမှာ ဖြစ်ပါတယ်။ အဆိုပါ လူငယ်များကိုတော့ သဘင်မင်းသားကြီး ဦးချမ်းသာနဲ့ မြို့ရွှေမန်းသားဖိုးချစ်တို့က ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်ကို လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here