အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) မဟာဝိဇ္ဇာတန်း ကျောင်းသား၊ ကျောင်းသူများရဲ့ ပန်းပုပြပွဲကျင်းပ

0
357

အမျိုးသားယဉ်ကျေးမှုနှင့် အနု ပညာတက္ကသိုလ်(မန္တလေး) ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် ပန်းပုပညာဌာန မဟာဝိဇ္ဇာတန်း ကျောင်းသား၊ ကျောင်းသူများ၏ THE DOOR SCULPTURE SHOW ပန်းပု ပြပွဲ ကို ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီ ခွဲက မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်၊ ၆၉ လမ်းရှိ Dream Land Art Studio မှာ ကျင်းပခဲ့ပါတယ်။

“ပန်းပုနဲ့ ပတ်သက်တဲ့ မဟာ ဝိဇ္ဇာတန်း (MA) ကို မြန်မာနိုင်ငံမှာ အခုမှစပြီး ဖွင့်တာပါ။ အရင်က တ ခြားနိုင်ငံတွေမှာ သွားတက်ရပါတယ်။ ၂ဝ၁၇-၂ဝ၁၈ ခုနှစ် ပညာသင်နှစ်မှာ စပြီး ကျွန်မတို့ တက္ကသိုလ်က မဟာ တန်းဖွင့်ပါတယ်။ ပညာသင်နှစ်က နှစ်နှစ် ရှိပါတယ်။ တစ်နှစ်ကို တစ် ကြိမ် Public ကို ချပြရမယ်ဆိုတာ ရှိပါတယ်။ ဒါကြောင့်လည်း ဒီပွဲလေး လုပ်ဖြစ်ပါတယ်။ နောက်တစ်ခုက ပန်းပုက သစ်သားထုမှ ပန်းပုမဟုတ် ပါဘူး၊ စွန့်ပစ်ပစ္စည်းနဲ့ပဲလုပ်လုပ် ဘာနဲ့ပဲလုပ်လုပ် ကိုယ့်ရဲ့ စိတ်ခံစား ချက်နဲ့ လုပ်လိုက်တဲ့အရာ အနုပညာ ပစ္စည်းကို အကောင်းဆုံးဖန်တီးပြီး ပြည်သူနဲ့ အနီးဆုံးဖြစ်အောင် ဘယ် လိုလုပ်မလဲဆိုတဲ့ ရည်ရွယ်ချက်လည်း ပါပါတယ်” လို့ အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ် (မန္တလေး) ပန်းပုပညာဌာနမှ နည်းပြဆရာမ ဒေါ်ကျော့ကျော့စံက ပြောပါတယ်။

ဒီပြပွဲမှာ ပန်းပုမဟာဝိဇ္ဇာ ကျောင်း သား၊ ကျောင်းသူ ၇ ဦး ဖန်တီးထား တဲ့ ပန်းပုရုပ်ပေါင်း ၄၂ ရုပ် ပြသ ထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here