ကမ်းလှမ်းမှုတွေရှိလာရင် သရုပ်ဆောင်လုပ်ကြည့်ချင်တယ်ဆိုတမော်ဒယ်လ် J နော်

0
320

ပရိသတ်အားပေးမှုကိုရရှိထားတဲ့ မော်ဒယ်လ J နော်ကတော့ လတ်တ လောမှာ Fashion Show ပွဲတွေလျှောက် ဖြစ်နေပါတယ်။ မော်ဒယ်လ်တစ်ဦးဖြစ်တဲ့ သူ့အနေနဲ့ သရုပ်ဆောင်လိုင်းဘက်ကို သွား ဖြစ်မလားလို့ မေးမြန်းကြည့်တဲ့အခါ…

“သရုပ်ဆောင်လုပ်ဖို့ ကမ်းလှမ်းလာတဲ့ Production တွေ ရှိရင်တော့ ကိုယ့်ရဲ့ကြိုးစားမှုတစ်ခုကို ပြချင်တာပေါ့။ ဒါပေမဲ့ သရုပ်ဆောင်ဘက်ကို လုံးဝ ကူးသွားမယ်လို့တော့မဟုတ်ပါဘူး။ Modelling ကကျတော့ ကိုယ့်ရဲ့ Professional အလုပ်ဖြစ်တဲ့အတွက် မော်ဒယ်လ်တစ်ယောက်အနေနဲ့ပဲရပ်တည်သွားမှာပါ။ ကမ်းလှမ်းမှုတွေရှိလာရင် သရုပ်ဆောင်လုပ်ကြည့်ချင်တယ်၊ ကြိုးစားကြည့်ချင်တယ်။ ကိုယ့်ရဲ့သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး ပရိသတ်ရဲ့ ဝေဖန်သံတွေကိုလည်း ကြားချင်ပါတယ်” လို့ J နော်က ပြောပြခဲ့ပါတယ်။ စူပါမော်ဒယ်လ်တစ်ဦးဖြစ်တဲ့သူ့ကိုဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီးလည်း မေးမြန်းဖြစ်ခဲ့ပါတယ်။

“အခုနည်းပညာတွေလည်း တိုးတက်နေပြီဆိုတော့ လေ့လာစရာတွေလည်း အများကြီးရှိတယ်။ တခြားနိုင်ငံ တွေက ကမ္ဘာကျော်တွေ ဘယ်လိုဝတ်စားဆင်ယင်ကြတယ်၊ သူတို့နိုင်ငံမှာ ဘယ်လိုတွေ ခေတ်စားနေတယ်ဆိုတာလည်း လေ့လာလို့ရတယ်။ ငယ်တဲ့အချိန်တုန်းကတော့ ခပ်မိုက်မိုက် Sexy ကျတဲ့ ဖက်ရှင်မျိုးကိုပိုကြိုက်တယ်။ အခုအသက် နည်းနည်းကြီးလာတဲ့အခါကျတော့ Smart Sexy ဘက်ကိုသွားတဲ့ ဖက်ရှင်လေးတွေကြိုက်တယ်။ ဖက်ရှင်က လူတစ် ယောက်အတွက် ၈ဝ% လောက် အရေးပါတယ်လို့ထင်ပါတယ်” လို့ ဖက်ရှင်ရဲ့အရေးပါမှုကို ပြောပြခဲ့ပါတယ်။

J နော်ဟာ အွန်လိုင်းက ပရိသတ်တချို့ရဲ့ ဝေဖန်မှုတွေကိုလည်း မကြာသေးမီက ကြုံတွေ့ခဲ့ရပါသေးတယ်။ ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး သူ့ရဲ့ခံစားချက်ကို အခုလိုပြောပြခဲ့ပါတယ်။

“ဝေဖန်မှုတွေ၊ တိုက်ခိုက်မှုတွေဆိုတာကတော့ အနုပညာရှင်တိုင်း ကြုံရမယ့်ပြဿနာတစ်ခုပါ။ အစ်မကတော့ အစ်မကို ကောင်းတာလေးတွေလာပြောလည်း လက်ခံတယ်။ ဆိုးတာလေးတွေ လာပြောလည်း လက်ခံတယ်။ အနုပညာရှင်ဖြစ်တဲ့အတွက် ကိုယ့်ကိုကြိုက်တဲ့သူရှိမယ်၊ မကြိုက်တဲ့သူလည်းရှိမယ်။ အဲဒီတော့ ကိုယ်လုပ်မယ့်အလုပ်ကိုပဲ Focus ထားတယ်။ ကိုယ့်ကိုချစ်လို့ ကောင်းစေချင်လို့ လာပြောတယ်ဆိုရင် ပြုပြင်တယ်၊ ကြိုးစားတယ်။ ကိုယ့်ကို မကြိုက်တဲ့သူ၊ ကိုယ့်ကိုပုတ်ခတ်မယ့်သူတွေရဲ့စကားကိုတော့ Ignore လုပ်လိုက်တယ်”လို့လည်း J နော်က ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here