ဇာတ်ရုပ်တိုင်းက ကိုယ့်အတွက် စိန်ခေါ်မှုတွေပါပဲ သရုပ်ဆောင် ရွှေသမီး

0
451

ရုပ်ရှင်ဇာတ်ကားတွေမှာ ဆက်တိုက်ရိုက်ကူးလာပြီဖြစ်တဲ့ သရုပ်ဆောင် ရွှေသမီးကတော့ လက်ရှိရုံတင်ပြသလျက်ရှိတဲ့ ‘ဘော်ဘော် ကထှော်’ ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင် ထားပါတယ်။ ဒါရိုက်တာကိုပေါက်ရိုက်ကူးတဲ့ အဆိုပါရုပ်ရှင်ဇာတ်ကားမှာ ရွှေသမီးက မြင့်မြတ်၊ ခင်လှိုင်၊ ဆုအိမ့်စံ၊ မုဏ်းစတဲ့ သရုပ်ဆောင်တွေနဲ့အတူပါဝင်သရုပ်ဆောင်ခဲ့ တာပါ။ သူ့ရဲ့သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီး သရုပ် ဆောင်ရွှေသမီးကအခုလိုပြောပြခဲ့ပါ တယ်။

”ဒီဇာတ်ကားမှာ ပါဝင်သရုပ် ဆောင်ဖို့ လာကမ်းလှမ်းတဲ့အချိန်မှာ ဒီထဲမှာပါတဲ့ ဘော်ဘော်ကထှော်တွေဟာ ဘယ်လိုမျိုး လဲဆိုတာ မျက်လုံးထဲမှာ ပုံဖော်လို့မရဘူး။ တကယ်တမှ်း့Shooting ရောက်တော့ တော်တော်အံ့သြသွားတယ်။ ပြင်ဆင်ထား တာတွေအကုန်မိုက်တယ်။ အခုပြန်ပြီး ကြည့် ရှုတဲ့အခါမှာ လည်းတော်တော်လေး ပြည့်စုံပါတယ်။ ဇာတ်ကား ရိုက်ကူးတုန်း ကတော့ အခက်အခဲလေးတွေရှိခဲ့တာပေါ့။ ညီမရဲ့ ကာရိုက်တာကိုလည်းအကောင်းဆုံး ဖြစ်အောင် ညီမသရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားက ရိုက်ကူးနေတုန်းကလည်း အလွန် ပျော်စရာကောင်းခဲ့ပါတယ်။ ဇာတ်ကားရိုက်ကူး နေတာနဲ့တောင် မတူပါဘူး။ မိသားစုပျော်ပွဲစား ထွက်နေသလိုပါပဲ။ အမှတ်တရဖြစ်ခဲ့တာ ကတော့ ပင်လယ်ထဲသွားပြီး သင်္ဘော ပေါ်မှာရိုက်ကူးတဲ့အခန်းတွေပေါ့။ အ ခက်အခဲတွေလည်း ရှိခဲ့ပါတယ်” လို့ ပြောပါတယ်။

သူ့ရဲ့ကာရိုက်တာရွေးချယ်မှု နဲ့ပတ်သက်ပြီးကာရိုက်တာတိုင်းက တော့ကိုယ့်အတွက်ခက်ခဲပါတယ်လို့ ပြောလာတဲ့ ရွှေသမီး က . . .
”ဟာသဇာတ်ရုပ်လည်း သူ့ ပညာနဲ့သူ ခက်ခဲတယ်။ ဒရာမာဆိုလည်း အဲဒီအတိုင်းပဲ အားလုံးကတော့ ခက်ခဲပါတယ်။ ဟာသဇာတ်ရုပ်ဆိုရင် တစ်ယောက် ပြောလိုက်ရင်ကိုယ်က ဘယ်လိုအိုက်တင်ပြန်လုပ် ပေးရမလဲဆိုတဲ့အပေးအယူလေးတွေရှိတယ်။ ဟာသ ဆိုပြီး ပေါ့ပေါ့ထင်ရပေမယ့် အိုက်တင်လုပ်တဲ့ အခါကျရင် အရမ်းခက်ခဲတယ်။ ဟာသပဲဖြစ်ဖြစ် ဒရာမာပဲဖြစ်ဖြစ် ဇာတ်ရုပ်တိုင်းကကိုယ့်အတွက်စိန်ခေါ်မှုပါပဲ” လို့ ပြောပြ ခဲ့ပါတယ်။

ဇော်ဝင်းအောင်၊

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here