The Lady ဇာတ်ကားမှာ မီရှဲယိုလ်နဲ့အတူ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တဲ့ သရုပ်ဆောင် ညီနိုင်း

0
186

The Lady ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် ညီနိုင်းက မကြာခင်မှာထုတ်လွှင့်ပြသတော့မယ့် စမ်းချောင်းဆစ်ကွန် ဆစ်ကွန်စမ်းချောင်း ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ The Lady ရုပ်ရှင် ဇာတ်ကားမှာတော့ သူကဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရံတော်အဖွဲ့ထဲက တစ်ယောက်အဖြစ် သရုပ်ဆောင်ရတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာပါဝင် သရုပ်ဆောင်ခဲ့စဉ်တုန်းက သူ့အနေနဲ့ ဒါရိုက်တာဆီကနေ ပညာတွေအများကြီး ရရှိခဲ့တဲ့အကြောင်း ပြောပြရာမှာတော့ . . .

”သူက ရိုက်ကွင်းမှာအပိုသရုပ် ဆောင်ရင်မကြိုက်ဘူး။ ကျွန်တော်ဆိုရင် Scence တစ်ခုမှာ ၁ဝ ခါလောက် လုပ်လိုက်ရတယ်။ ကိုယ်ကတော့ရုပ်ရှင် အတိုင်းကိုလုပ်တာပဲ။ ဒါပေမဲ့ သူက အပြင်နဲ့မတူဘူးဆိုပြီး ထပ်ခါ ထပ်ခါ လုပ်ခိုင်းတယ်။ အိုက်တင်လုပ်တာ အပြင်ကနဲ့မတူတော့ အပြင်ကနဲ့တူအောင် သရုပ်ဆောင်ခိုင်းတယ်။ အဲဒါလေးကတော့ အတွေ့အကြုံရခဲ့တယ်” လို့ သရုပ် ဆောင် ညီနိုင်းကပြောပြပါတယ်။ ဒါ့အပြင် The Lady ရုပ်ရှင်ရိုက်ကွင်းမှာ မင်းသမီး မီရှဲယိုလ်ရဲ့ သရုပ်ဆောင်မှုတွေကိုလည်း သူကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး မီရှဲယိုလ်နဲ့စကားတွေအများကြီး မပြောခဲ့ရပေမယ့် သူသရုပ်ဆောင်ခဲ့တာ တွေကို ကြည့်ကာ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်လို့ လေ့လာခွင့်ရခဲ့တယ်လို့ပြော ပါတယ်။

”သူတို့တွေကတော့ World Train တွေပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အိုက်တင်ပုံစံကို ဘယ်လောက်အထိ လေ့ကျင့်ထားသလဲမသိဘူး။ မျက်နှာပဲ မတူတာ။ လမ်းလျှောက်တာ၊ လက်ဟန်ခြေဟန်က အကုန်တူတာ။ သူတို့ တော်တော်ကြီး လေ့ကျင့်ထားတယ်ထင်တယ်။ ပြီးတော့ နောက်တစ်ခုကသူတို့က အမှားမရှိဘူးဗျ။ သူတို့အတိုင်းလေးတွေလိုက်တုပြီးတော့ ကိုယ်လည်း နည်း နည်းတော့ လေ့ကျင့်ကြည့်တယ်။ တော်တော်ပင်ပန်းပါတယ်။ သူတို့ကတော့ ဘယ်လို Train ထားလဲတော့မသိဘူး” လို့ မီရှဲယိုလ်ရဲ့ အိုက်တင်နဲ့ပတ်သက် လို့ ညီနိုင်းကပြောပြပါတယ်။

The Lady ရုပ်ရှင်ဇာတ်ကားအပြီးမှာလည်း သူ့အနေနဲ့ ဇာတ်ကားတွေ မရိုက်ကူးဖြစ်ဘဲ စမ်းချောင်း ဆစ်ကွန် ဆစ်ကွန်စမ်းချောင်း ရုပ်သံဇာတ်လမ်း တွဲကိုပြန်လည်ရိုက်ကူးဖြစ်တာပဲဖြစ်ပါတယ်။ သူ့အနေနဲ့ကတော့ သရုပ် ဆောင်ပိုင်းထက် ဂီတပိုင်းကို ပိုစိတ်ဝင်စားပြီး မယ်လိုဒီဝေါလ်မှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။ ရုပ်ရှင်ပိုင်းနဲ့ပတ်သက်လို့ကတော့ အခွင့် အရေးပေးရင် ပါဝင်သရုပ်ဆောင်ခွင့်ရချင်ပြီး ဂီတနဲ့ပတ်သက်လို့ကတော့ တစ်ကိုယ်တော် စီးရီးခွေထွက်ရှိဖို့စီစဉ်နေတယ်လို့ သူက ပြောပြပါတယ်။ ဒါ့အပြင်အွန်လိုင်းကနေလည်း သူ ကြိုက်နှစ်သက်တဲ့ သီချင်းတွေကို တစ်ပုဒ် ချင်းစီတင်ပေးသွားဖို့ စိတ်ကူးရှိတယ်လို့ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here