မိဘတွေရဲ့ ခြေရာ၊ လက်ရာတွေကို သိမ်းထားချင်တဲ့သူတွေအတွက် ခြေရာ၊ လက်ရာပုံတူ တွေ ပြုလုပ်ပေးနေတဲ့ ပန်းပုပညာရှင် ကိုအောင်ကျော်ထွန်း

0
204

မိဘတွေရဲ့ ခြေရာ၊ လက်ရာတွေကို တမြတ်တနိုးသိမ်းထားချင်တဲ့သူတွေ အတွက် ပန်းပုပညာရှင်ကို အောင်ကျော်ထွန်းက ခြေရာ၊ လက်ရာပုံတူတွေကို ပြုလုပ်ပေးလျက်ရှိနေပါတယ်။ သူ့အနေနဲ့ ပန်းပုပညာကို တတ်မြောက်ထား တာဖြစ်တဲ့အတွက် ဒီပညာနဲ့ သားသမီးတွေနဲ့ မိဘတွေကြားမှာ အမှတ်တရ တစ်ခုခုဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ကိုအောင် ကျော်ထွန်းက ပြောပြပါတယ်။

”တကယ်ကို သားသမီးတွေ အပေါ်ကို တာဝန်ကျေခဲ့တဲ့မိဘတွေရဲ့ ခြေရာလက်ရာတွေပေါ့။ သားသမီးတွေကလည်း မိဘတွေရဲ့ ကျေးဇူးတွေကို သိတတ်တဲ့ သဘောပေါ့။ ခြေရာအပြင် လက်ရာတွေလည်း ပါ ပါတယ်။ တချို့ရဲ့အတွေးအခေါ်တွေကျတော့ ဒီလက်တွေနဲ့ ငါတို့တစ်တွေကို ရှာဖွေ ကျွေးမွေးခဲ့တာပေါ့လေ။ ဒါကြောင့် မိဘတွေရဲ့ခြေရာလက်ရာတွေကို ယူကြ ပါစေ၊ သူတို့တွေ သိမ်းထားနိုင်ကြပါစေဆိုတဲ့စိတ်နဲ့ ကျွန်တော်လုပ်ဖြစ်တာ ပါ” လို့ မိဘတွေရဲ့ ခြေရာ၊ လက်ရာတွေကို ပြုလုပ်ပေးဖြစ်ခြင်းနဲ့ ပတ်သက်လို့ ကိုအောင်ကျော် ထွန်းက ပြောပြပါတယ်။ ခြေရာ၊ လက်ရာတွေ ပြုလုပ်ချင်တဲ့ သူတွေအနေနဲ့ ရွှေ၊ ငွေ၊ ဖိုက်ဘာ၊ ကြေးတွေနဲ့ မှာယူသူတွေ လိုချင်သလို လုပ်ဆောင်ပေးလို့ ရပြီး မှာယူတဲ့ပုံစံအပေါ် မူတည်ပြီး ဈေးနှုန်းသတ်မှတ် ထားကြောင်း အခုအခါ အမှာများတာကတော့ ဖိုက်ဘာကို ရွှေချတာတွေ အမှာများနေကြောင်း ရွှေအစစ်နဲ့ ပြုလုပ်ချင်သူတွေအတွက်ကိုလည်း ရွှေ အစစ်နဲ့ပြုလုပ်ပေးမှာဖြစ်ကြောင်း သူက ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here