လေးဖြူကိုအားကျသူ နေခန့်မင်းသစ် ဂီတအလုပ်တွေ ဆက်လုပ်ဖြစ်မလား

0
241

Myanmar Idol Season3 ပြိုင်ပွဲကနေ နေခန့်မင်းသစ်က နှုတ်ဆက် ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။ သူဟာ ပြိုင်ပွဲဝင်တစ်လျှောက်လုံးမှာ အကောင်း ဆုံးဖြစ်အောင် ကြိုးစားခဲ့ပြီး သီချင်းအားလုံးကိုလည်း အဆင်ပြေ ချောမောစွာ သီဆိုနိုင်ခဲ့ပါတယ်။ ဒါ့အပြင်သူဟာ အကဲဖြတ်ဒိုင် ၄ ဦးရဲ့ Save ပြုလုပ်ခြင်း ကို ခံခဲ့ရတဲ့ ပြိုင်ပွဲဝင် တစ်ဦးလည်းဖြစ်ပါတယ်။ အဲဒီလို Save ပြုလုပ်ခံရခြင်း ကြောင့်လည်း သူဟာအတူ ပြိုင်ပွဲဝင် သူငယ်ချင်းတွေကို အားနာခဲ့ရပါတယ်။

”ကျွန်တော့် Save လုပ်လုပ် ချင်းမှာ ခေါင်းထဲမှာဘာပြန်ပေါ်လာလဲ ဆိုတော့ ဒီတစ်ပတ် ကျွန်တော့်ကို Save လုပ်တဲ့အတွက် နောက်တစ်ပတ် နှစ်ယောက်ပြုတ်မယ်။ နောက်တစ်ပတ်နှစ်ယောက်ပြုတ်တဲ့ အထဲမှာ ကျွန်တော်မပါဘဲနဲ့ တခြားနှစ်ယောက်ဖြစ်သွားမှာကို ကျွန်တော် တအားစိုးရိမ် တယ်။ ကျွန်တော့်ကိုသာ Save မလုပ်ခဲ့ဘူးဆိုရင် နောက်တစ်ပတ်တစ်ယောက် ပဲပြုတ်မှာလေ။ ကျွန်တော့်ကြောင့် နှစ်ယောက် ပြုတ်မှာမျိုးကို တအားကြောက် တယ်။ ဒါပေမဲ့လည်း အခု ဖြစ်ခဲ့တယ်။ အဲဒီအတွက် စိတ်မကောင်းဖြစ်ခဲ့ ရပါတယ်”လို့ နေခန့်မင်းသစ်က သူ့ရဲ့ခံစားမှုကို ပြောပြပါတယ်။

သူကMyanmar Idol Season 3 ပြိုင်ပွဲမှာ Top 5 အထိရောက်ရှိခဲ့သူပါ။ သူနှုတ်ဆက် ထွက်ခွာခဲ့ရတဲ့အချိန်မှာလည်း ပရိသတ်တွေကို တောင်းပန်စကားဆိုခဲ့ပါ တယ်။

”ဒီအဆင့်ထိရောက်အောင်ပို့ ပေး ခဲ့တဲ့ ကျွန်တော့်ကိုအားပေးတဲ့ သူ အားလုံးကို ကျေးဇူးအများကြီးတင်ပါ တယ်။ ဂီတလမ်း ကြောင်းပေါ်မှာ လည်း ကျွန်တော့်ဘက်ကနေ အစွမ်း ကုန် ကြိုးစားသွားပါ့မယ်” လို့ နေခန့် မင်းသစ်က သူ့ပရိသတ်တွေအတွက် ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ နေခန့်မင်းသစ်ဟာ ပြိုင်ပွဲကနေထွက် ခွာခဲ့ရပေမယ့် ဂီတလမ်းကြောင်းပေါ် ကိုတော့ ဆက်လက်လျှောက်လှမ်းသွားမှာ ဖြစ်ပါတယ်။ သူက Rock Music ကို ရူးသွပ်ပြီး အဆိုတော်လေးဖြူကိုလည်း အားကျသူတစ်ဦးဖြစ်ပါတယ်။ ဒါကြောင့် လည်း သူဟာ ဆံပင်ရှည်ထား ထားခြင်း ဖြစ်ပြီး ဒီဆံပင်ရှည်ကိုတော့ နောက်ထပ် ၂ နှစ်လောက်အထိ ထားသွားဦးမှာဖြစ် တယ်လို့ ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here