မြန်မာ့စီးပွားရေး တက်သလား၊ ကျသလား

0
176

ဒီတစ်ပတ်မှာတော့ မြန်မာ့စီးပွားရေးတိုးတက်မှုနဲ့ပတ်သက်ပြီး အမျိုးမျိုးသော ဝေဖန်မှုတွေ၊ သုံးသပ်ချက်တွေ ကဏ္ဍအသီးသီး အလွှာအသီးသီးကနေ ထွက်ပေါ်နေတာ ဖြစ်လို့ ပေါ်ပြူလာပရိသတ်များအတွက် စီမံကိန်းနဲ့ ဘဏ္ဍာရေး ဒုတိယဝန်ကြီးအပါအဝင် လွှတ်တော်ထဲရောက်ရှိနေတဲ့ အမတ်တွေရဲ့ လက်ရှိမြန်မာ့စီးပွားရေးအပေါ် အမြင်အမျိုးမျိုးကို စုစည်းပြီး ‘မြန်မာ့စီးပွားရေး တက်သလား၊ ကျသလား’ ဆိုတဲ့ ခေါင်းစဉ်နဲ့ စုစည်းဖော်ပြလိုက်ရပါတယ်။

ဦးမောင်မောင်ဝင်း (စီမံဘဏ္ဍာ-ဒုဝန်ကြီး)

မြန်မာ့စီးပွားရေးနဲ့ပတ်သက်လို့ ကျွန်တော်တို့က စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုနှုန်းဆိုတာရှိတယ်။ အဲဒီဖွံ့ဖြိုးတိုးတက်မှုနှုန်း Indicator နဲ့ပဲ တိုင်းရတာပဲ လေ။ ပြီးခဲ့တဲ့နှစ်က ၆.၈ ရှိခဲ့တယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကနှုန်းအား ဖြင့်တော့တက်နေတယ်။ ပြင်ပမှာလည်ပတ်နေတဲ့အပေါ်မှာတော့ အထစ် အငေါ့တွေရှိနေလို့ ကျပ်နေတယ်လို့ဆိုကြတာပါ။

ဒေါ်ခင်စန်းလှိုင် (ပုလဲမဲဆန္ဒနယ်)

စီးပွားရေးအခြေအနေက လူကြီးတွေ အကုန်လုံးပြောနေကြတာ ပဲလေ။ ပြောမယ်ဆိုရင်တော့ စီးပွားရေး အခြေအနေကတော့ အခုကျွန်မတို့ တိုင်းပြည်အတွက်က သိပ်ပြီးစိုးရိမ်စရာ အတိုင်းအတာတစ်ခုမှာတော့ မရောက်သေးဘူး။ ဘာကြောင့်လဲ တစ်ကမ္ဘာလုံးဖြစ်နေတဲ့ အဖြစ်အ ပျက်တွေလေ။ ဒီနေ့ဒေါ်လာဈေးကျတာတွေ ဒေါ်လာဈေးတက်တာတွေ မိ မိနိုင်ငံတိုင်းပြည်မှာသုံးစွဲနေတဲ့ ငွေကြေးတွေဈေးကျတာမျိုးတွေ ဒါမျိုးပြဿနာ တွေဆိုတာ အများကြီးရှိတယ်။ ဆိုလိုတာကတော့ ဒီလို ပြုပြင်ပြောင်းလဲတဲ့ ကာလတစ်ခုရဲ့အတွင်းမှာတော့ ပြဿနာဆိုတာကတော့ရှိနေမှာပဲ။ ဒါကို ကျွန်မတို့ ဘယ်လိုထိန်းကျောင်းကိုင်တွယ်မလဲ ဒီအပေါ်မှာ ဘယ်လိုပူးပေါင်း ပါဝင်ဆောင်ရွက်ကြမလဲ။ ဒါကိုဘယ်လို နည်းလမ်းတွေနဲ့သွားမလဲဆိုတာ အဓိကကျပါတယ်။

ဒေါ်ချိုချို (အုတ်တွင်းမဲဆန္ဒနယ်)

မြန်မာ့စီးပွားရေးကို ပကတိ အနေအထားအရ သုံးသပ်ရရင် နှေး ကွေးရပ်တန့်နေတယ်လို့ သုံးသပ်နိုင် ပေမယ့် စီးပွားရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေနဲ့ လုပ်ဆောင်ချက် တွေရှိနေတာဖြစ်လို့ မကြာခင်မှာပဲ နိုင်ငံ့စီးပွားရေးက ထူးခြားတိုးတက် ပြီး လမ်းကြောင်းတစ်ခုပေါ် ပြန် ရောက်လာမယ်လို့ မျှော်လင့်ရပါ တယ်။

ဦးဘရှိန် (ကျောက်ဖြူမဲဆန္ဒနယ်)

မြန်မာပြည်ရဲ့စီးပွားရေးအခြေအနေကတော့ တိုးတက်လာတဲ့ သ ဘောရှိရင်တော့ တစ်ကမ္ဘာလုံးက ဝိုင်းပြီး ရင်းနှီးမြှုပ်နှံသူတွေ ပိုဝိုင်း လာကြမှာပေါ့။ မြန်မာပြည်မှာ ရင်း နှီးမြှုပ်နှံဖို့ အခွင့်အလမ်းတွေ အများ ကြီးရှိမှာပေါ့လေ။ မြန်မာပြည်ကို ရင်းနှီး မြှုပ်နှံမှုကလည်း မျှော်မှန်းသ လောက် ပေါ်မလာကြသေးတော့ မြန်မာပြည် ဒီစီးပွားရေးက အားကောင်းတဲ့အနေထားမရှိဘူးလို့ အန်ကယ်က တော့ မြင်တယ်။

ဦးစောမိုးမြင့် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

အခုစီးပွားရေးအခြေအနေက တော့ တဖြည်းဖြည်းတော့ ပြန်ပြီး တိုးတက်လာပါပြီ။ အခုဖြစ်နေတဲ့ ဒေါ်လာဈေးဆိုတာက အမှန်တော့ မြန်မာနိုင်ငံရဲ့ သွင်းကုန် ထွက်ကုန် ပေါ် သိပ်မမူတည်ပါဘူး။ အဓိကက တော့ အမေရိကန်နဲ့ တရုတ်နဲ့ဖြစ်တဲ့ ကိစ္စမှာ ဂယက်ရိုက်တာပါ။

ဦးခင်ချို(လှိုင်းဘွဲ့မဲဆန္ဒနယ်)

စီးပွားရေးတက်နေလား ကျနေ လားဆိုတာက မဂ္ဂဇင်းတွေ စာစောင် တွေရဲ့သုတေသနပြုချက်တွေအရ အခု လောလောဆယ်ကတော့ နည်း နည်းတန့်နေတယ်လို့ ပြောလို့ရတာ ပေါ့။ တန့်နေတယ်ဆိုတာကလည်း အကြောင်းရင်း မျိုးစုံရှိတာပေါ့။ အဓိ ကကတော့ ရခိုင်ကိစ္စပေါ့။ အဲဒါဖြစ် လိုက်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက တော်တော်လေးကို မဝင်လာတော့ဘူးပေါ့။ အနောက်နိုင်ငံရဲ့ ဖိအားတွေ ကြောင့် လည်းပါတယ်။ ဒီဟာတွေကြောင့်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အနှောင့်အယှက်ဖြစ်တာပေါ့။ သိပ်စီးပွားရေးကျလားဆိုတာက တအားကြီးတော့ မဟုတ်ပါဘူး။ ဒီတစ်ပတ်နှစ်ပတ်ထဲမှာ ဒေါ်လာဈေးက ရုတ်တရက်ကြီး ထိုးတက်လာတာကလည်း ဘာကြောင့်ဆိုတာ စဉ်းစားစရာပေါ့။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကတော့ မျှော်လင့်စရာတွေ အများကြီးရှိပါသေးတယ်။

အောင်ပြည့်စုံ


LEAVE A REPLY

Please enter your comment!
Please enter your name here