အချစ်ရေးမှာ အသည်းမကွဲသေးပါဘူး Mary

0
198

ချစ်စရာကောင်းတဲ့အသံလေးနဲ့ ပရိသတ်တွေကိုဆွဲဆောင်လေ့ရှိတဲ့ အဆို တော် မြေပ ဟာ လတ်တလောမှာတော့ သူ့ရဲ့တစ်ကိုယ်တော် တေးစီးရီးအတွက် သီချင်းတွေ ပြင်ဆင်နေတယ်လို့သိရပါတယ်။ အဆိုပိုင်းမှာ သူများနဲ့ မတူတဲ့ အသံနဲ့ ပရိသတ်ကို ဖျော်ဖြေပေးနေပြီးအဆိုပိုင်းကို စိတ်ဝင်စားသလို သရုပ် ဆောင်ပိုင်းကော လုပ်ကိုင်ဖို့ရှိလားလို့ မေးကြည့်တဲ့အခါမှာတော့ Mary က…

“Mary ဒီလောကထဲမှာ သီချင်းတွေနဲ့ နာမည်စတင်ရစတုန်းကတော့ သရုပ်ဆောင်ဖို့ကမ်းလှမ်းတာတွေရှိပါတယ်။ ဒါပေမဲ့ Mary မီဒီယာတွေကို ဖြေခဲ့တယ်ပေါ့နော်။ သရုပ်ဆောင် မလုပ်တတ်ဘူး။ Mary က သီချင်းဆိုတာပဲ လုပ်တတ်တယ်။ ကိုယ်တကယ် ဝါသနာပါတဲ့ အဆိုပိုင်းကိုပဲ ဂရုစိုက်ပြီး လုပ်ကိုင်ချင်တယ်။ တစ်ခါတ လေကျတော့လည်း တွေးမိတယ်။ အခွင့်အရေး က ကိုယ့်ရှေ့ရောက်နေပြီ။အခွင့်အရေးရှိတာကို အမိအရ ဖမ်းထားတာ ကောင်းသော်ငြားလည်း ကိုယ့်ကိုပေးတဲ့ အခွင့်အရေးတွေက ကိုယ်နဲ့အဆင်ပြေ မပြေတွေးသင့်တယ်လို့ ထင်ပါတယ်။ အဲဒီလိုမျိုး သရုပ်ဆောင်လုပ်ရင် ကိုယ် မကျွမ်းကျင်တဲ့ အရာဖြစ်တဲ့အတွက် ဒါရိုက်တာတွေကိုယ်နဲ့အတူ တွဲပြီးလုပ်ကိုင် မယ့် လုပ်ဖော်ကိုင်ဖက်တွေကို ဒုက္ခမပေးချင်ဘူး။ အဲဒီအတွက်ကြောင့် သရုပ် ဆောင်လုပ်ဖို့ ကမ်းလှမ်းတာတွေကို လက်မခံဖြစ်ပါဘူး” လို့ Mary က ပြောပါတယ်။

အသည်းကွဲသီချင်းတွေပဲဆိုဖြစ်နေတဲ့အပေါ် ကိုယ်ကိုယ်တိုင် ကော အချစ်ရေးနဲ့ပတ်သက်ပြီးခံစားချက်တွေရှိနေပြီလားလို့ မေးကြည့်တဲ့ အခါမှာတော့…

“Mary အသည်းတော့ မကွဲသေးပါဘူး။ ပုံမှန်အေးအေးဆေးဆေးပါပဲ။အသည်းကွဲတဲ့ သီချင်းတွေရေးဖြစ်တာက စိတ်ထဲမှာပေါက်လို့ပါ။ ဘာမှတော့ မရှိပါဘူး။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ အချစ်စာသားလေးတွေတင် ဖြစ်တာတွေရှိ တယ်။ အဲဒါကလည်း ဒီအတိုင်းပဲတင်ဖြစ်တာပါ။ အဲဒါကို Mary ကို ချစ်တဲ့ ပရိသတ်တွေ တွေဝေသွားရင်လည်း ဆောရီးပါလို့ Mary ပြောချင်ပါတယ်။ တကယ် တော့ဘာမှမဟုတ်ပါဘူး။ တချို့ဟာက Mary သီချင်းစာသားလေးတွေ ရှိတယ်။ တချို့က တကယ့်ခံစားချက်ပေါ့။ တချို့ကျတော့စာအုပ်လေးတွေ ဖတ်ပြီး ပေါ်လာတဲ့ခံစားချက်လေးတွေကို တင်ဖြစ်သွားတာပါ” လို့ ပြောပါ တယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here