ဆုမြတ်နိုးဦးနဲ့ အထင်လွဲခံနေရတဲ့ သရုပ်ဆောင် ကျော်ကျော် ရဲ့လက်ရှိအချစ်ရေးအခြေအနေ

0
560

သရုပ်ဆောင်ကျော်ကျော်ကတော့ လက်ရှိမှာရုံတင်ပြသလျက်ရှိတဲ့ ‘ဝိုင်းကြီး ချုပ်စပွန်ဆာ’ ဟာသရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ဇာတ် ကားကိုတော့ ဒါရိုက်တာသြရသက ရိုက်ကူးခဲ့ပြီး Facebookသုံးရင်းကြုံတွေ့ရတတ်တဲ့ အဖြစ်အပျက်လေးတွေကို အနုပညာဖန်တီးပုံဖော်ရိုက်ကူးထားပါတယ်။ ကျော်ကျော်ကတော့ ဒီဇာတ်ကားမှာ Facebookသုံးတဲ့ ချာတတ်လေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါ တယ်။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီးကျော်ကျော်က…

”ဝိုင်းကြီးချုပ်စပွန်ဆာ ဇာတ်ကားထဲမှာလို တအားချမ်းသာတဲ့အမျိုးသမီးတစ်ယောက်က အနည်းနဲ့အများကတော့ Facebookသုံးမိမှာပဲ။ အဲဒီတော့ ခုနကလို ချာတိတ်တွေနဲ့တွေ့ပြီး အနည်းနဲ့အများတော့ စိတ်ထွက်ပေါက်တစ်ခုဖြစ်တာပေါ့။ ရှေ့မှာလည်း Facebookနဲ့ ပတ်သက်တဲ့ သာဓကတွေအများကြီးရှိခဲ့ပါတယ်။ အဲဒီလိုဖြစ်သွားကြတဲ့ အချိန်မှာ နောက် ဆုံးကတော့ ဘယ်သူမှမကောင်းပါဘူး။ ‘ဝိုင်းကြီးချုပ်စပွန်ဆာ’ ဇာတ်ကား ကလည်း ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး Message ပေးထားတဲ့ ဇာတ်ကားလို့ပဲ ကျွန်တော်မြင်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

သူကတော့ အနုပညာမောင်နှမဖြစ်တဲ့ သရုပ်ဆောင်ဆုမြတ်နိုးဦးနဲ့တွဲသွားတွဲလာ၊ စလိုက်နောက်လိုက်နေဖြစ်တာကြောင့် ချစ်သူတွေဖြစ်နေကြပြီ ဆိုတဲ့ဝေဖန်မှုတွေလည်းရှိနေပါတယ်။ ဆုမြတ်နိုးဦးနဲ့ အထင်လွဲခံနေရ တာက ဘာကြောင့်လဲလို့ မေးမြန်းခဲ့ရာ . . .

”အဓိကကတော့ အပြောအဆိုကြောင့်ပါ။ သူနဲ့ကတော့ အပြင်မှာလည်း တွေ့ဖြစ်တယ်။ အမြဲတမ်းလျှောက်သွားပြီးတော့ ရုပ်ရှင်တွေဘာတွေလည်း ကြည့်ဖြစ်တယ်။ အပြင်သွားတာက သူပါမယ်၊ တစ်ခါတလေ ညီထွဋ်ခေါင် ပါမယ်၊ တခြားသူငယ်ချင်းတွေလည်းပါတယ်။ Facebookမှာဆိုလည်း တစ် ခုခုဆိုရင် သူ့ကို Tag လုပ်တာတို့ Comment ရေးတာတို့ဆိုလည်း သူ့ကိုပဲလုပ် ဖြစ်တယ်။ ရင်းနှီးနေတဲ့အခါကျတော့ ပြောရဲဆိုရဲဖြစ်နေတာပေါ့။ လူတိုင်း ကိုလည်းစပါတယ်။ ဒါပေမဲ့ သူ့ကိုကျမှ ထင်သာမြင်သာဖြစ်နေတာက ကံတရား ပဲလေ(ရယ်လျက်)။ ကိုယ်ကတော့ Single ပါ ပိုင်ရှင်မရှိပါဘူး။ ရှိလာပြီဆိုရင် လည်း ပရိသတ်ကိုချပြသွားမှာပါ” လို့ ကျော်ကျော်က ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here