အခွေသစ် ထွက်ရှိဖို့အတွက် ပိုက်ဆံလိုသေးတယ် အဆိုတော် ၊သရုပ်ဆောင်သိန်းလင်းစိုး

0
177

တစ်ခါတလေမှာ ကိုယ်ဖြစ်ချင် တိုင်းမဖြစ်တဲ့ အခြေအနေမျိုးတွေ လူတိုင်းကြုံဖူးကြရမှာပါ။ ဖြစ်ချင်တာက ဘောလုံးသမား၊ ဖြစ်နေတာက စာရေးဆရာဆိုတဲ့ ဖြစ်စဉ်ဖြစ်ရပ်မျိုးတွေလည်း ရှိသလို ငယ်ငယ်တုန်းက အိပ်မက်မက်ခဲ့တာက ဆရာဝန်ကြီး၊ တကယ်တမ်းဖြစ်နေတာက ကုမ္ပဏီ ဝန်ထမ်းဆိုတာတွေလည်း ရှိတာပဲ။ အကြောင်းကြောင်းတွေကြောင့် ကိုယ်ဖြစ်ချင်တာဖြစ်ခွင့် ရတဲ့သူတွေရှိသလို အခြေအနေအရ လမ်းကြောင်းလွဲတတ်တာတွေလည်း ရှိကြတယ်။” မြင်းဖြူရှင်နှင့် မြင်းသည်တော်ဖိုးအေး” ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲပေးတုန်းက သိန်း လင်းစိုးနဲ့ တွေ့ဆုံဖြစ်ခဲ့တယ်။

သူဆိုရင် ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရတာ ဇာတ်ကား ၁၆ ကား တောင်ရှိသွားပြီလို့သိရတယ်။ အမှန်တကယ်ဆို သူက အဆိုတော်။ သီချင်းရေးကောင်းသလို အဆိုလည်းကောင်းသူဖြစ်တယ်။ သူသီဆိုတဲ့ သီချင်းလေးတွေ က Pop,R&B  သီချင်းလေးတွေပေါ့။ အဆိုဘက်မလှည့်ဖြစ်တော့ပါဘူးလို့ သူက ပြောဆိုရာမှာတော့…

“ကျွန်တော်က အဆိုဘက်က လာတာဆိုတော့ သီချင်းကတော့ ရေးချင်၊ ဆိုချင်တာပေါ့နော်။ ဒါပေမဲ့ သီချင်းဆိုတယ်ဆိုတာ စိတ်နဲ့တင် မပြီးဘူးလေ။ အခွေသစ်ထွက်ရှိဖို့အတွက် ပိုက်ဆံကလည်း လိုသေးတာကိုး။ အဲဒီတော့ ပိုက်ဆံက ဖြည်းဖြည်း ချင်းစုဆောင်းနေ တာဆိုတော့ အခွေထွက်တာကတော့ နည်းနည်းကျဲသွားမှာပေါ့နော်။ ဒီဘက်မှာ ကတော့ ယက်ကန်ယက်ကန်နဲ့ ဒုက္ခရောက်နေတဲ့အချိန်မှာ ဦးစတီး(လ်)တို့၊ တခြားထုတ်လုပ်ရေး ကလူတွေက ခေါ်ပြီးတော့ ကျွန်တော့်ကို ခေါ်ယူသုံးပေးတဲ့အခါကျတော့ ကျွန်တော်လည်း အလုပ် လေးရတာပေါ့ဗျာ” လို့ သူက ပြောပါတယ်။ ဒါဆိုရင် ကိုသိန်းလင်းစိုးအနေနဲ့ သီချင်းအသစ်ထွက်ရှိဖို့ ဝေးသွားမယ့် အနေအထားမျိုးပေါ့လို့ မေးတော့ –

“ဂီတအလုပ်ကတော့ လုပ်ဖြစ်ပါတယ်။ သီချင်းကတော့ ကိုယ်အားရင်အားသလို ရေးဖြစ် တယ်။ အရင်လို သူများအတွက်မရေးပေး နိုင်တော့တာတစ်ခုပဲ။ ကိုယ့်အတွက် ကိုယ်ရေးတယ်။ ရေးပြီးတော့ တချို့ဟာလေးတွေက ကျွန်တော် သီချင်းလေးတွေ တီးခတ်ထားတယ်။ အကြမ်းဆို ထားတာ လေးတွေတော့ ရှိတာပေါ့နော်။ ဒီကြားထဲမှာတော့ အဆင်ပြေလောက်မယ့်ဟာလေးတွေ ပေါ့။ အခွင့်အခါကြုံရင် Single Song လေးတွေကို အွန်လိုင်းပေါ်တင်ဖြစ်မှာပါ” လို့ သိန်းလင်းစိုးက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊


LEAVE A REPLY

Please enter your comment!
Please enter your name here