ဇာတ်ကားတွေရုံတင်ပြသခွင့်မရတဲ့အတွက်အားငယ်မိပါတယ်လို့ ဖွင့်ဟလာတဲ့ ဒါရိုက်တာ စတီး(လ်)

0
524

သူရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကား တွေမှာ နာမည်ကြီးသရုပ်ဆောင်တွေဆိုတာထက် သူ့ဇာတ်လမ်းထဲက ဇာတ်ရုပ်နဲ့ အံဝင်ခွင်ကျဖြစ်မယ့်သူကိုသာ ရွေးချယ်နိုင်တာ ဒါရိုက်တာစတီး(လ်) (ဒွေးမေတ္တာ)ရဲ့ အားသာချက်လို့ ဆိုရမှာပါ။ သူကဇာတ်ကားတွေ အတော်များများရိုက်ကူးထားတယ်။ ထွက်ရှိမလာ သေးတာပဲရှိတာပါ။ အခုလောလောဆယ်မှာတောင် ဒါရိုက်တာ စတီး(လ်)ကပုပ္ပါးမှာ”မြင်းဖြူရှင်နှင့် မြင်းသည်တော်ဖိုးအေး” ရုပ်ရှင်ဇာတ်ကား ကြီးကို ပုပ္ပါးဘက်သွားရောက် ရိုက်ကူးနေပါပြီ။ သူ့ရဲ့ဇာတ်ကားတွေ ရုံတင်ပြသ ခွင့်ကျ လာမယ့်ရက်ကို စောင့် ဆိုင်းနေတဲ့ စတီး(လ်)က …

“ကျွန်တော့်ဇာတ်ကားတွေမြန်မြန်ထွက်ရှိလာပါစေလို့ပဲ ဆုတောင်းပါ တယ်။ ဘာဖြစ်လို့လဲ ဆို တော့ တစ်နှစ်လုံးမှာမှ ကျွန်တော် ပြီးခဲ့တဲ့နှစ်တုန်းက ရိုက်ကူးထားတာ ၃ ကားတင်ရတယ်။ ဒီနှစ်မှာ ၂ ကား တင်ရတယ်။ ဒါပဲ။ ဇာတ်ကားမတင်ရတဲ့အခါကျတော့ အားငယ်မိပါတယ်။ ရှေ့ဆက်လုပ် ကိုင်ဖို့လည်း အားတွေလျော့ပါတယ်။ ပြသရေးစနစ်မှာ ကျွန်တော်တို့ ကျန်ခဲ့တယ်ဆိုတဲ့ သဘောတရားလည်း ပါတာပေါ့”လို့ ပြောပါတယ်။ အကယ်၍ဒီနှစ်ထဲမှာ ရုံတင်ပြသခွင့်ရမယ်ဆိုရင် ကိုစတီး(လ်)ရဲ့ ဘယ် ဇာတ်ကားတွေကို ပရိသတ် ရှေ့မှောက်ရောက်ရှိစေချင်လဲလို့ဆိုတော့ …

“ကျွန်တော် Life ကို အရင်ဆုံးသွားကြည့်ချင်တယ်။ ဒါပေမဲ့ အဲဒါတွေ ကလည်း ဈေးကွက်မှာမဖြစ် သလောက်ဖြစ်နေတဲ့ အခါကျတော့ ရုပ်ရှင် ရုံပိုင်ရှင်ဘက်ကလည်း မရွေးဘူးဗျ။ ရုပ်ရှင်ရုံပိုင်ရှင်ဘက်က လည်း ဟာသဇာတ်ကားကိုပဲရွေးတယ်။ ဘာကြောင့်လဲဆိုတော့ ဟာသဇာတ်ကားက ပိုက်ဆံရနေတယ်ဗျာ။ ကျွန်တော်ရိုက်ကူးထား တဲ့ဇာတ်ကား လေးတစ်ကား ရှိတယ်။ “ရှေ့သွားနောက် လိုက်” ဆိုတဲ့ဇာတ်ကားလေး။ “အထိအတွေ့”ဆို တဲ့ဇာတ်လေး။ တကယ့် Life မှာ ဖြစ်ပေါ်နေတဲ့ ဇာတ်ကားလေးတွေပေါ့။ ဒါပေမဲ့လက်ရှိဈေးကွက်မှာ ဟာသကလွဲရင် ကျန်တာ စိတ်မဝင်စားဘူးဆိုတဲ့ သဘော တရားဖြစ်နေတယ်။ ဒါဟာနှစ်ဖက်စလုံးဖြစ် နေတဲ့ ပြဿနာလေ။ ပရိသတ်ရော၊ ရုပ်ရှင်ရုံပိုင်ရှင်ရောဖြစ်နေတာပေါ့။ အဲဒီလို အချိန်မှာ ကျွန်တော်တို့ အားငယ်မိတာတော့အမှန်ပါ။ ကျွန်တော့် ဇာတ်ကား လေးတွေရုံတင်ပြသစေချင်တာပေါ့။ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက် တဲ့” ပြစ်မိန့်”လိုကားမျိုး။ “ရွှေရုပ်”လိုဇာတ်ကားမျိုး ဖြစ်စေချင်တာပေါ့” လို့သူက ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ-မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here