Huawei Nova 3 နဲ့ Nova 3i မိတ်ဆက်ပွဲအခမ်းအနား ကျင်းပ

0
112

Huaweiမှ တတိယ Nova မျိုးဆက်ဖြစ်တဲ့ Huawei Nova3 နဲ့ Nova3i မိတ်ဆက်ပွဲအခမ်းအနား ကို ဇူလိုင်လ ၂၅ ရက်နေ့က ရန်ကုန်မြို့ Pan Pacific ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါထုတ်ကုန်စီးရီးအသစ်ဖြစ်တဲ့ Huawei Nova3 နဲ့ 3i တို့ရဲ့ ဆယ်လ်ဖီရိုက်ကူးမှုနဲ့ ဖျော်ဖြေမှုဆိုင်ရာ လုပ်ဆောင်ချက်များမှာတော့ AI နည်းပညာကို အကောင်းဆုံး ဖန်တီးထားကြောင်း သိရပါတယ်။ Huawei Nova3 မှာ ရှေ့နောက် 3D ဖန် ကွေးတပ်ဆင်ထားပြီး အရှေ့ဘက်ဖန် မျက်နှာပြင်အောက်မှာ ၆.3 လက်မ ရှိတဲ့ Full View Display မျက်နှာပြင်တပ်ဆင်ထားတယ်လို့ သိရပါတယ်။ ၆ စ မှန်ဘီလူးတပ်ဆင်ထားပါတယ်။24 MP monochrome နဲ့ 16 MP RGB Sensor ပါ နောက်ကင်မရာ နှစ်လုံး ပါရှိပြီး ရှေ့ဘက်မှာလည်း 24 MP Primary Sensor နဲ့ 2 MP Sensor ပါရှိတဲ့ ကင်မရာနှစ်လုံးပါ ရှိတယ်လို့ သိရပါတယ်။ Huawei Nova3i မှာ တော့ နောက်ဆုံးပေါ် AI ကင်မရာ လေးလုံး တပ်ဆင်ထားတာကြောင့် ဓာတ်ပုံရိုက်ကူးရာမှာ Flagship ထုတ်ကုန်များနဲ့အတူတန်းတူ ယှဉ်ပြိုင်နိုင်မယ်လို့ သိရပါတယ်။

”ကျွန်တော်တို့ Nova စီးရီး တွေလည်း ရှေ့မှာ အများကြီးထွက်ရှိ ခဲ့တယ်။ အခုလည်း Huaweiရဲ့ Nova3 နဲ့ Nova3i တို့ကို Customer တွေ အတွက် ထုတ်လုပ် လိုက်ပါပြီ။ Huaweiကို သုံးစွဲတဲ့ Customer တွေလည်း သဘောကျ နှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ Huaweiရဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

သဲစုလှိုင် ၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here