Gym ကစားခြင်း ကြောင့် ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှု ပိုရှိလာတယ် နွယ်နွယ်ထွန်း

0
272

ဆိုရှယ်မီဒီယာပေါ်မှာ ဓာတ်ပုံ အလန်းတွေတင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာတဲ့သူကတော့ မော်ဒယ်လ် နွယ်နွယ်ထွန်းပဲဖြစ်ပါ တယ်။ Photo Modelတစ်ယောက် အနေနဲ့ ၂ဝ၁ဝ ကတည်းက ရပ်တည် လာခဲ့တာဖြစ်ပြီး အခုအချိန်ထိ သ ရုပ်ဆောင်မလုပ်ဘဲ Photo Modelအဖြစ်သာ ဆက်လက်ရပ်တည်နေ လျက်ရှိပါတယ်။ ဆိုရှယ်မီဒီယာပေါ် မှာ ဓာတ်ပုံအလန်းလေးတွေ တင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိ လာတဲ့ နွယ်နွယ်ထွန်းက Gymက စားခြင်းဟာ မော်ဒယ်လ်တွေ အ တွက်အလွန်အဆင်ပြေတယ်ဆိုတာ ကို ခုလိုပဲ ပြောပြခဲ့ပါတယ်။

” Gymကစားရတာ ကြိုက် တယ်။ ပြီးတော့ ညီမတို့ မော်ဒယ်လ် တွေကလည်း ဒီလိုအားကစားကို နေ့ တိုင်းလုပ်နေမှ ခန္ဓာကိုယ်ကလည်း ကျစ်လျစ်ပြီး တအား ကြည့်လို့ကောင်း မှာပေါ့။ အခုနောက်ပိုင်း Gymမကစားဖြစ်တာတောင် တော်တော် ကြာပြီ။ အလုပ်ကိစ္စနဲ့ ခရီးတွေထွက် ဖြစ်နေလို့ Gymကစားတဲ့ဘက်ကို မလှည့်နိုင်ဘူး ဖြစ်နိုင်တယ်။ အရင် တုန်းကဆို Gymကစားတဲ့အချိန်က ဓာတ်ပုံတွေ ဘာတွေရိုက်ရင် ကိုယ့် ရဲ့ ခန္ဓာကိုယ်ကို ယုံကြည်မှုရှိတယ်။ Gymမကစားဖြစ်တဲ့ အချိန်ကျတော့ ဓာတ်ပုံရိုက်လို့ရှိရင် စိတ်ထဲမှာ ငါ့ ခန္ဓာကိုယ်က တော်တော်များ ဝနေ လား။ အဆီတွေများ ထွက်နေလားဆို ပြီး စိတ်မချဘဲနဲ့ ယုံကြည်မှုတွေ လည်း မရှိလာတော့ဘူး။ ညီမတို့ မိန်းကလေးတွေအတွက် Gymကစားခြင်းဟာ တအားကောင်းတဲ့ အားကစားတစ်ခုပါ။ Gymကစားလို့ ညီမတို့ရဲ့ ခန္ဓာကိုယ်တွေ ကျစ်လျစ် လာမယ်။ ကျန်းမာရေးတွေ ကောင်း လာ မယ်။ အဲဒီအတွက် ညီမကတော့ Gymကစားရတာကို သဘောကျပါ တယ်” လို့နွယ်နွယ်ထွန်းက ပြောပါ တယ်။ အခုနောက်ပိုင်း Gymကစားတာတွေ ခေတ်စားလာသလို Gymကကစားသူတွေကိုလည်း အမြင်တစ်မျိုးနဲ့ ဝေဖန်မှု တစ်ချို့ ရှိပါတယ်။ ဒီလိုဝေဖန်မှုတွေနဲ့ ပတ် သက်ပြီး နွယ်နွယ်ထွန်းက အခု နောက်ပိုင်းယောက်ျား လေးတွေ တော်တော်များများ ခန္ဓာ ကိုယ်အကြီး ကြီးတွေနဲ့ အခြောက်ဖြစ် နေတာတွေ ရှိတယ်။ အဲဒါကို တချို့ မိန်း ကလေးတွေ Gymကစားပြီး ခြောက်နေကြတယ်ဆိုပြီး ဝေဖန်ကြ တယ်။ အဲဒီလိုမျိုးပြောနေကြတာတွေ တွေ့ရတယ်။ အမှန်တော့ Gayဖြစ် တာဟာ Gymကစားခြင်း မကစား ခြင်းနဲ့ မဆိုင်ပါဘူး။ ဒါက ကိုယ့် စိတ်နဲ့ပဲ ဆိုင်ပါတယ်။ တချို့ခန္ဓာ ကိုယ်ကြီးပြီး Gayဖြစ်နေတာတွေ လည်း ရှိသလို ခန္ဓာကိုယ်သေးသေး လေးနဲ့ Gayဖြစ်နေတာတွေလည်း ရှိပါတယ်။ ကိုယ့်စိတ်ရဲ့ ဖြစ်တည် ရာတွေနဲ့ပဲ ဆိုင်ပါတယ်”လို့ နွယ်နွယ် ထွန်းက ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here