ကာယဗလမောင် မလုပ်ရရင် လောကကြီးမှာ အသက်မရှင်ချင်တော့ဘူးလို့ ခံယူထားသူ ချန်ပီယံ အောင်ခိုင်ဝင်း နှင့် တွေ့ဆုံခြင်း

0
315

သူက မောင်မြန်မာဆုကိုချန်ပီယံ ၃ ကြိမ်၊ အိုလံပစ်မောင်ဆုကို ချန်ပီယံ ၅ ကြိမ်ရရှိပိုင်ဆိုင်ထားပြီ ဆိုတော့ မြန်မာနိုင်ငံတွင်းမှာ ချန်ပီယံ ၈ ကြိမ်ရရှိထားသူပါ။ နိုင်ငံတကာအ ဆင့်အနေနဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ ရွှေတံ ဆိပ် ၂ ဆုရခဲ့ဖူးတယ်။ ကာယဗလနဲ့ ပတ်သက်လို့ အတွေ့အကြုံတွေများ စွာကြွယ်ဝနေသူ။ သူ့နာမည်က ကိုအောင်ခိုင်ဝင်း။ Champion Aung Khine Win Gymဆိုတဲ့ နာ မည်နဲ့လည်း Fitness Centerဖွင့် လှစ်ထားပါတယ်။ လက်ရှိခေတ်က လည်း Gymတွေခေတ်စားလာသလို ကျန်းမာရေးကြောင့်ပဲဖြစ်ဖြစ်၊ ကိုယ် ခန္ဓာအချိုးအစားလှပဖို့အတွက်ပဲ ဖြစ်ဖြစ် Gymမှာ သွားကစားကြတာ တွေများလာတယ်။ အဲဒီတော့ ပြေ ပြစ်လှပတဲ့ ကိုယ်နေဟန်ထားနဲ့ ကျန်း မာရေးတို့အတွက် ဆောင်ရန်၊ ရှောင် ရန်တွေအကြောင်း ချန်ပီယံအောင် ခိုင်ဝင်းကို မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး– အစ်ကိုက ချန်ပီယံဆိုတဲ့အတိုင်း စိုက်ထူခဲ့တဲ့ မှတ်တိုင်တွေကလည်း အများကြီးပဲနော်။ အဲဒီတော့ မေး ချင်တာက ပြိုင်ပွဲတွေ ပြိုင်ပြီး ပရော် ဖက်ရှင်နယ်တစ်ယောက်အနေနဲ့ ရပ် တည်နိုင်ဖို့အတွက် ကျွန်တော်တို့ နိုင်ငံအနေအထားအရဆိုရင်ဖြစ်နိုင်၊ မဖြစ်နိုင် အစ်ကို့အတွေ့အကြုံအရ ပြောပြပေးပါ။ နောက်ထပ်ယှဉ်ပြိုင် ကြမယ့် လူငယ်တွေအတွက်ပေါ့။

ဖြေ- ပြိုင်ပွဲတွေက ပြောရမယ်ဆိုရင် အစ်ကိုတို့ဆီမှာရှိတဲ့ လူငယ်တွေက ကြိုးစားကြတယ်။ ဒါပေမဲ့ ဆုကြေး ငွေနဲ့ပတ်သက်လာရင်တော့ တော် တော်လေးကို အားနည်းသွားကြ တယ်။ အစ်ကို ဒီနိုင်ငံမှာ ချန်ပီယံ စဖြစ်တော့ ၂ဝဝ၂ ခုနှစ်ကနေ ၂ဝဝ၃၊ ၂ဝဝ၄၊ ၂ဝဝ၅ ဆက်တိုက် ပေါ့။ အဲဒီလို ချန်ပီယံဆက်တိုက်ရ တာ။ အဲဒီတုန်းက ရွှေဈေးက ဒီဈေး မဟုတ်သေးဘူး။ ကျပ်တစ်သိန်းကျော် နှစ်သိန်းလောက်ပဲရှိသေးတာ။ အဲဒီ တုန်းက အစ်ကိုရတဲ့ ဆုကြေးက ပထမ ဆုကို ကျပ် ၅ သိန်းလောက်ရတယ်။ အခုအစ်ကို တစ်ကျော့ပြန်ပြိုင်တယ်။ ၂ဝ၁၈ ခုနှစ်မှာ ပြန်ပြိုင်တယ်။ ချန် ပီယံဖြစ်တယ်။ ပထမဆုကြေးကို ကျပ် ၃သိန်းရတယ်ဆိုတော့ ဆုကြေးငွေ က လျော့နည်းသွားတယ်။ လူတွေက ပိုပြီးတော့ ကောင်းလာကြတယ်။ ပို ပြီးတော့ ကြိုးစားလာတယ်။ အစ်ကို တို့လိုလူတွေတောင်မှ လူငယ်တွေကို နိုင်ဖို့အတွက် တော်တော်ကြိုးစားရ တယ်။ အဲဒီတော့ စီးပွားရေးအရ တွက်မယ်ဆိုလို့ရှိရင် ဒီပြိုင်ပွဲက တွက်လို့မရဘူး။ အစ်ကိုတို့ကလည်း စီးပွားရေးအရ ပိုက်ဆံနဲ့တွက်ပြီး တော့လည်း ဒီအလုပ်လုပ်နေတာ မဟုတ်ဘူး။ ပြိုင်ပွဲတွေဝင်နေတာ မဟုတ်ဘူး။ အစ်ကိုတို့က ဒီပြိုင်ပွဲ တွေကို ဝါသနာပါလွန်းလို့၊ ဖြစ်ချင် လွန်းလို့၊ ဒီအလုပ်ကိုမှမလုပ်ရရင် လောကကြီးမှာ အသက်တောင် မရှင်ချင်တော့ဘူးဆိုပြီး ကိုယ့်ကိုယ် ကိုယ်ယူဆထားတဲ့သူတွေ။ အဲဒီ အတွက်ကြောင့် အစ်ကိုတို့က ဆု ကြေးငွေတစ်ပြားမှ မပေးလည်းပြိုင် မှာပဲ။ ကိုယ်ကတောင်ပြန်ပေးရမယ် ဆိုရင်တောင် ပြိုင်ဦးမှာပဲ။ အစ်ကိုတို့ စိတ်ဓာတ်က အဲဒီလို။ အဲဒီတော့ လူငယ်တွေအနေနဲ့က ဘဝရပ်တည်မှု တစ်ခုအနေနဲ့ ဒီအားကစားကို လုပ်မယ်ဆိုလို့ရှိရင် မရဘူး။ တစ်ခု တော့ရှိတာပေါ့။ ဒီကာယအကြောင်း တွေ နားလည်လာပြီ၊ ပြိုင်ပွဲမှာ ဆုတံ ဆိပ်တွေရပြီ၊ ငါဘာလုပ်မလဲ၊ Gymထောင်မလား၊ အပြင်မှာ နည်းပြ ဆရာလုပ်မလား။ အဲဒီလိုအနေနဲ့ တစ်ဖက်လှည့်အနေနဲ့ ရပ်တည်လို့ ရတယ်။ ပြိုင်ပွဲက ဆုကြေးငွေအနေနဲ့ တော့ ရပ်တည်လို့မရဘူး။

မေး- အခုနောက်ပိုင်း Gymကစား ကြတာ စတိုင်လ်တစ်ခုလို ဖြစ်နေပြီး Gymမကစားရင် ခေတ်မမီတော့ သလိုတောင် ဖြစ်နေပြီ။ အဲဒါဘာ ကြောင့်လဲ။ အစ်ကိုကော အဲဒီလိုမြင် လား။

ဖြေ – အခုနောက်ပိုင်း လူငယ်ပိုင်း တွေရော၊ လူကြီးပိုင်းတွေရော အား ကစားလုပ်ရမယ်ဆိုတဲ့အသိ တော် တော်လေး သိလာကြတယ်။ ဟိုတုန်း ကဆိုရင် အိမ်ထောင်သည် အမျိုး သမီးတွေ Gymကစားလို့ရှိရင် ပတ် ဝန်းကျင်ကနေ အတင်းပြောကြတာ ပေါ့။ အိမ်ထောင်ရှိလျက်သားနဲ့၊ ယောက်ျားရှိလျက်သားနဲ့ ဒီအမျိုး သမီးက ရွချင်တာ။ နောက်မီးလင်း ချင်နေတာ။ အိမ်ထောင်ကျပြီးပြီပဲ။ လှဖို့မလိုတော့ဘူး။ အဲဒီလို သူတို့က ယူဆကြတယ်။ အခုကျတော့ သူတို့ နားလည်လာကြတယ်။ ကြီးသည်ဖြစ် စေ၊ ငယ်သည်ဖြစ်စေ၊ ငါတို့က ကျန်း မာဖို့လိုတယ်။ ကြံ့ခိုင်ဖို့လိုတယ်။ ငါ တို့မှာ မိသားစုရှိတယ်။ သားသမီး တွေရှိတယ်။ ဒီသားသမီးတွေကို ကာ ကွယ်စောင့်ရှောက်ဖို့အတွက် ငါတို့ က ကာကွယ်စောင့်ရှောက်မှ ဖြစ်မယ် ဆိုတဲ့အသိက သူတို့ခေါင်းထဲမှာ ရှိ လာတယ်။ အဲဒီတော့ သူတို့တွေသည် ကြီးသည်၊ ငယ်သည်မဟုတ်ဘဲ အ ကုန်လုံး အားကစားလာလုပ်ကြတယ်။ အမျိုးသားတွေက အဓိက ကျတာ ပေါ့။ အိမ်တစ်အိမ်မှာ အိမ်ထောင် ဦးစီးက ကျန်းမာကြံ့ခိုင်နေဖို့ ပိုလို တယ်လေ။ စီးပွားရေး အခြေအနေ၊ ကာကွယ်စောင့်ရှောက်မှု သူက အဓိ က ကျတယ်။ ကိုယ်က ကျန်းမာကြံ့ ခိုင်နေတယ်ဆိုရင် အမျိုးသမီးလုပ် တဲ့သူက အားကိုးအားထားဖြစ်တယ်။ သားသမီးတွေကလည်း မိဘကို ယုံ ကြည်မှုရှိတယ်။ သူကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေတဲ့ အခါကျတော့ ဒီအိမ်ဟာ သာယာ ပျော်ရွှင်တဲ့ အိမ်တစ်အိမ်ဖြစ်လာလိမ့် မယ်။

မေး – လူငယ်တစ်ယောက်ပေါ့။ ဝိတ် အရမ်းတက်နေတယ်။ Psycho တွေ ဖောက်နေတယ်။ အဲဒီလို လူငယ်တစ် ယောက်က Gymကစားချင်တယ်ဆို ရင် ဘယ်လို စံချိန်စံညွှန်းတွေနဲ့ ညီ ရမလဲ။ အစ်ကိုတို့ဆီမှာကော ဘယ် လိုလူတွေ လာကစားကြတာများလဲ။

ဖြေ – အကြောင်းအမျိုးမျိုးကြောင့် လာကစားကြတဲ့သူတွေရှိပါတယ်။ အခုဆိုရင် သရုပ်ဆောင်တွေ၊ မော် ဒယ်လ်တွေလည်း လာကြတယ်။ အဆိုတော်တွေလည်း လာကြပါ တယ်။ ဒီအားကစားက ပြိုင်ပွဲဝင်မှ ကစားရတဲ့ အားကစားမဟုတ်ဘူး လေ။ သူ့ရဲ့ စံနှုန်းက ပုံမှန်အားဖြင့် ကိုယ်အလေးချိန် ပေါင် ၂ဝဝ အောက် ဆိုလို့ရှိရင် အဲဒီလူတစ် ယောက် ၃ လ အတွင်းမှာ သူ့ရဲ့ ကိုယ်ခန္ဓာအချိုးအစားကို ပြောင်းလဲ အောင် ကစားလို့ရတယ်။ ဘယ်အထိ ပြောင်းလဲအောင်လုပ်လို့ရလဲဆိုရင် သူ့ပတ်ဝန်းကျင်တစ်ခုလုံးကဟာ …ဒီလူတော်တော်တောင့်လာ တယ်။ ဒီလူကိုယ်လုံးတော်တော်လှလာတယ်လို့ အပြောခံ ရလောက်အောင် အစ်ကို တို့က လုပ်ပေးလို့ရတယ်။ ပေါင် ၂ဝဝ အထက်ကိုကျော်သွားပြီဆိုရင် တော့ အစ်ကိုတို့က ၃ လနဲ့ ၆ လ အ တွင်း အချိန်ယူရမယ်။ အဲဒီလောက် အချိန်ယူလိုက်မယ်ဆိုရင် ဒီခန္ဓာ ကိုယ်သည် တအားပြောင်းလဲ သွား လိမ့်မယ်။ ဆိုလိုတာက နည်းစနစ် မှန်ဖို့တော့လိုတာပေါ့။ ကိုယ်နေ့စဉ် ကစားတဲ့နည်း၊ ကိုယ်နေ့စဉ် စား သောက်မယ့်စနစ်၊ နေ့စဉ်ပြုမူနေ ထိုင်ရမယ့် အနေအထိုင်၊ ဒီ ၃ ချက် ညီသွားမယ်ဆိုရင်ဖြစ်တယ်။ အချိန် ကာလ ၃ လဆိုတဲ့ အချိန်မှာ နေရင်း ထိုင်ရင်းနဲ့ ကုန်ဆုံးမလား။ အဲဒီလို မဟုတ်ဘဲနဲ့ ကိုယ်က အကျိုးရှိတဲ့၊ တန်ဖိုးရှိတဲ့အလုပ်ကို လုပ်မလား။ ဒါမှမဟုတ် ဂိမ်းနှိပ်ရင်း၊ အရက် သောက်ရင်း၊ ပန်းခြံသွားရင်း၊ လက် ဖက်ရည်သောက်ရင်းနဲ့ပဲ ကုန်ဆုံး မလား။ ဒါကတော့ သူတို့တွေရဲ့ ရွေးချယ်မှုလေ။ အစ်ကိုတို့ကတော့ Gymကစားပါ၊ မကစားပါနဲ့လို့ သူ များတွေကို ပြောဆိုခွင့်၊ ဝေဖန်ပိုင်ခွင့် မရှိဘူး။ သူတို့သာ အစ်ကိုတို့ဆီကို ရောက်လာခဲ့မယ်ဆိုရင်တော့ အစ်ကို တို့ဘက်က စွမ်းဆောင်ပေးရတာပေါ့။

မေး– Gymကစားတာပဲဖြစ်ဖြစ်၊ မောင်မြန်မာပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့ အတွက်ပဲဖြစ်ဖြစ် မိမိရဲ့ ကျန်းမာရေး၊ ကိုယ်ခန္ဓာလှပရေးအတွက် ကြိုးစား လုပ်ဆောင်နေကြတဲ့ လူငယ်တွေကို အစ်ကို ဘယ်လိုအကြံဥာဏ်ပေးချင် လဲ။

ဖြေ- အဓိကကတော့ ကြိုးစားမှုပဲ။ ကိုယ်လိုချင်နေတဲ့ အရာတစ်ခုကို ကြိုးစားရယူနိုင်စွမ်းရှိရမယ်။ ဥပမာ- ကိုယ်က ဘယ်လိုအဆင့်အထိ ရည် မှန်းထားတာလဲ။ ဒါကို တစ်ချက်သိ အောင်လုပ်ရမယ်။ တချို့ရှိတယ်။ ကိုယ်က ကျန်းမာရေးအရ ကစား တယ်။ တစ်ဖက်ကလည်း ပညာရေး တွေ၊ စီးပွားရေးတွေရှိတယ်။ Gymမှာလာပြီးတော့ ၃ နာရီ၊ ၄ နာရီ လောက် အချိန်ကုန်နေလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာက သူတို့ ကျန်းမာရေးအတွက်သာ သူတို့ လုပ် တာ။ တစ်ဖက်က သူတို့ရဲ့ လူမှုရေး၊ စီးပွားရေးတွေက သိပ်အရေးကြီး တာဖြစ်တဲ့အတွက် မျှတအောင်လုပ် ရမယ်။ နောက်တစ်ခုက သူက ပြိုင်ပွဲ ဝင်အဆင့်အထိအောင် လုပ်ချင် တယ်ဆိုလို့ရှိရင်လည်း ဟိုဘက်ကို လျှော့ချရမယ်။ အစ်ကိုတို့ဆိုရင် အခု အသက် ၃ဝလောက်ရောက်မှ Gymဘက်၊ စီးပွားရေးဘက်ကိုလှည့်တာ။ တစ်ချိန်က အစ်ကိုတို့ဘာမှမသိဘူး။ တစ်ချိန်လုံးကစားမယ်။ စားမယ်။ နိုင်ငံတကာကို နိုင်အောင်တိုက်မယ်ဆိုတဲ့စိတ်နဲ့ပဲ ချန်ပီယံဖြစ်ခဲ့တာ။ နောက်တစ်ချက်က အစ်ကိုတို့ရဲ့ စိတ်က စီးပွားရေးကို တကယ်ကို စိတ်မဝင်စားတာ။ အစ်ကို့ကိုသာ ဒီအချိန်မှာ မြန်မာနိုင်ငံက အချမ်း သာဆုံး သူဌေးတစ်ယောက်က မင်း …ငါ့ရဲ့ ချမ်းသာမှု စည်းစိမ်တွေကို မင်းယူလိုက်၊ ဘယ်တော့မှ Gymမကစားနဲ့တော့၊ အားကစားမလုပ်နဲ့ တော့၊ ပြိုင်ပွဲလည်းမဝင်နဲ့တော့၊ လဲ မလားဆိုလို့ရှိရင် အစ်ကိုလုံးဝ မလဲ ဘူး။ အစ်ကိုက ဒီအားကစားပဲ ရွေး ချယ်မှာ။ အစ်ကိုက စီးပွားရေးကို စိတ်မဝင်စားဘူး။ ဒါပေမဲ့ အစ်ကို ပိုက်ဆံရှာနေတယ်။ ဘာကြောင့်လဲ။ ပိုက်ဆံက အစ်ကို့ရဲ့ ရှေ့ဆက်ပြိုင်ပွဲ ဝင်မယ့် အာရှပွဲတွေ၊ ကမ္ဘာ့ပြိုင်ပွဲတွေ၊ နောင်လာမယ့်ပြိုင်ပွဲတွေအတွက် လို အပ်တယ်။ ဒီငွေရှိမှ ရှေ့ဆက်လို့ ရ မှာ။ ငွေရှာတယ်။ ဒါပေမဲ့ အစ်ကိုက ငွေကို မကိုးကွယ်ဘူး။ ငွေနောက်မ လိုက်ဘူး။ ငွေနဲ့ ကိုယ့်အချိန် အကုန် မခံဘူး။

မေး– အစ်ကိုကော ပြိုင်ပွဲတွေ ဆက် လက်ပြိုင်ဖို့ရှိလား။ အနီးစပ်ဆုံး ဆိုရင် ဘယ်ပြိုင်ပွဲဖြစ်မလဲ။

ဖြေ – အနီးစပ်ဆုံးပြိုင်ပွဲက အခုလာ မယ့် ၁ဝ လပိုင်းမှာ အိန္ဒိယမှာ ကျင်းပ မယ့် အာရှပြိုင်ပွဲရှိတယ်။ ဒါပေမဲ့ အစ် ကို ပြိုင်မယ်၊ မပြိုင်ဘူးဆိုတာကတော့ ဒီလကုန်မှ ဆုံးဖြတ်မယ်။ လောလော ဆယ် စဉ်းစားနေဆဲပဲ။ အစ်ကို ပြိုင် သင့်တဲ့ပွဲမျိုးလား၊ မပြိုင်သင့်တဲ့ပွဲမျိုးလားဆိုတာကို ဒီလကုန်ရင်တော့ အစ်ကို စဉ်းစားမယ်။ တကယ်လို့ ဒီ အာရှပွဲမှာ ပထမဆုရလို့ရှိရင် ၁၂ လ ပိုင်းမှာ ထိုင်းမှာ ကမ္ဘာ့ပြိုင်ပွဲထပ်ပြိုင် ရမယ်။ ဆိုတော့ ဒီတစ်ပွဲလွတ်တာနဲ့ ပြိုင်ပွဲက ၂ ပွဲလွတ်သွားမယ်။ အဲဒီ တော့ ယှဉ်ပြိုင်ဖို့ကို ဒီလကုန်ဆုံးဖြတ် မယ်ပေါ့။

မျိုးမောင်

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here