၂၄ နှစ်ပြည့်မွေးနေ့မှာ ချစ်သူနဲ့အတူ အလှူပြုလုပ်ခဲ့တဲ့ ဝါဆိုမိုးဦး

0
227

သရုပ်ဆောင်ဝါဆိုမိုးဦးရဲ့ ၂၄ နှစ်ပြည့်မွေးနေ့အလှူအဖြစ် ဟယ်လ်ပင်ကလေးဆေးရုံ ကြီးမှာ လူအယောက် ၅ဝဝ စာအတွက် နေ့လယ်စာ ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။ ဒီအလှူ မှာ ထူးထူးခြားခြားအနေနဲ့ ဝါဆိုမိုးဦးရဲ့ချစ်သူ အဆိုတော်ဖြိုးလေးနဲ့ we love warso moe oo အဖွဲ့သားတွေလည်း ပါဝင် ကုသိုလ်ပြုခဲ့ကြပါတယ်။ မွေးနေ့ရှင် ဝါဆိုမိုးဦးက…

”ဒီနေရာလေးကို ရွေးပြီးလှူဒါန်းဖြစ်တာက အဓိကကတော့ ကလေးဆေးရုံမှာ လှူချင်တာ။ အယောက် ၅ဝဝ စာဆိုတော့ လူ အများကြီးရှိတဲ့ နေရာကိုလှူချင်တာ။ နှစ်တိုင်းလည်း ဒီမှာ တစ်ခါမှ လာမလှူဖူးဘူး။ လှူလိုက်တဲ့အချိန်မှာ စိတ်ထဲမှာ နေ့တိုင်းကို နေ့လယ်စာ ကျွေးချင်တဲ့ စိတ်ဖြစ်တယ်။ နေ့တိုင်း မလှူနိုင်တောင်မှ တစ်လတစ်ခါတော့ ကြိုးစားပြီး လှူချင်တယ်ဆိုတဲ့ စိတ်ဆန္ဒဖြစ် သွားတာပေါ့။ ရအောင်လည်း လှူဖြစ်မှာပါ” လို့ ပြောပါတယ်။

မွေးနေ့တိုင်းမှာ ထူးခြားပြီး အမှတ်တရဖြစ်ချင်တဲ့ ဝါဆိုမိုးဦးက ဒီနှစ် မွေးနေ့မှာ သူချစ်ရတဲ့သူတွေနဲ့အတူ အလှူအတန်းတွေ ပြုလုပ်ရတဲ့ အတွက်လည်း ပျော်ရွှင်နေပါတယ်။ နှစ်ယောက်စလုံးက စိတ်ကြီးတဲ့ အတွက် ခဏခဏ စကားများရန်ဖြစ်ကြတယ်ဆိုတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦး တို့ ချစ်သူနှစ်ဦးက ဝါဆိုရဲ့မွေးနေ့ မတိုင်ခင်မှာလည်း ရန်ဖြစ်ထားပေမယ့် မွေးနေ့မတိုင်ခင် ည ၁၂ နာရီမှာတော့ ပြန်အဆင်ပြေသွားကြပါတယ်။ ချစ်သူဆီကနေ မွေးနေ့လက်ဆောင်အဖြစ် လွန်ခဲ့တဲ့ ၃ လကတည်းက ဖိနပ်လက်ဆောင် ကြိုပြီး ရရှိထားတယ်လို့လည်း ဆိုပါတယ်။ ချစ်သူ ဖြိုးလေးကို သဘောကျရတဲ့အချက်နဲ့ပတ်သက်ပြီး ဝါဆိုမိုးဦးက …

”သူ့ပုံစံက ဝါဆိုကြိုက်တဲ့ ပုံစံလည်း မဟုတ်ဘူး။ သူလည်း ဝါဆို့ ပုံစံကို ကြိုက်မကြိုက်တော့ မပြောတတ်ဘူး။ ဒါပေမဲ့ ဝါဆိုက အချစ် ရေးနဲ့ ပတ်သက်ရင်မြန်မာဆန်တယ်။ တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆို ပိတောက်ပဲ။ ကိုယ်လည်း အေးဆေးနေမယ်။ ရည်းစား လည်း မရှုပ်ဘူး။ သူကလည်း အဲဒီလိုတော့ ရှိတယ်။ ရည်းစားပွေရှုပ် တာမျိုးမရှိဘူး။ အဓိကအားသာချက်က အဲဒါကြောင့်ပါပဲ” လို့ ဆိုပါ တယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here