သမီးဖြစ်သူကို ရွှေနန်းတော်စိန်ရွှေရတနာ လုပ်ငန်းစုတစ်ခုလုံး အမွေဆက်ခံဖို့ သင်ကြားပျိုးထောင်ပေးနေတဲ့ ဒေါက်တာအောင်ကျော်ဝင်း

0
598

အသက် ၁၈ နှစ်အရွယ်သမီးဖြစ်သူ မသက်ရတနာကျော်ဝင်းအတွက် ရည်မှန်းမျှော်လင့်ထားတာ တွေက အများကြီးဖြစ်တာကို ဒေါက်တာအောင်ကျော်ဝင်းတို့ သားအဖ ၂ ယောက် အင်တာ ဗျူးကနေတွေ့ခဲ့ရတယ်။ ဒေါက်တာအောင်ကျော်ဝင်းနဲ့ ဇနီးဖြစ်သူဒေါက်တာသက်သက်ခိုင်တို့ ဆိုတာကလည်း တကယ့်ကို နာမည်ကြီးထိတ်ထိတ်ကြဲတွေ။ သူတို့ရဲ့သမီးလေးက လန်ဒန်မှာ ဗိသု ကာပညာရပ်နဲ့ပတ်သက်လို့ တက္ကသိုလ် ပထမနှစ်တက်နေတယ်လို့လည်းသိရပါတယ်။ သမီးဖြစ်သူနဲ့ ပတ်သက်လို့ ဒေါက်တာအောင်ကျော်ဝင်း ပြောပြတာက . . .

“တစ်ဦးတည်းသောသမီးအဖြစ် ကျွန်တော်တို့ကိုယ်တိုင်အများကြီးပြင်ဆင်ရပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ကျွန်တော်တို့နဲ့ သမီးလေးကြားမှာ အသက် ၃၃ နှစ်ကွာပါတယ်။ ပြီးခဲ့တဲ့ ၃နှစ်ကျော်၊ ၄ နှစ်လောက်ကစပြီး ကျွန်တော်တို့ရဲ့ ရွှေနန်းတော်စိန်ရွှေရတနာလုပ်ငန်းစုတစ်ခုလုံးကို ကျွန်တော် တို့ Restructure ပြန်လုပ်နေပါတယ်။ ကောင်းမွန်တဲ့စနစ်ပေါ့။ အဲဒီကောင်းမွန်တဲ့စနစ်နဲ့ သမီး လေးကို အမွေဆက်ခံဖို့ အစ်ကိုတို့ ပြင်ဆင်တယ်။ သမီးက အခုပထမနှစ်ပြီးသွားပြီ။ လန်ဒန်မှာ ကျောင်းတက်နေတယ်။ သမီးအခုကျောင်းပြီးတဲ့ အချိန်မှာမိဘအနေနဲ့ဘာပဲဖြစ်ဖြစ် သိသင့်သိ ထိုက်တဲ့ Level တစ်ခုကိုတတ်အောင်တော့ အနီးကပ် Mentalling and Coaching လုပ် ပေးနေ တယ်။ အစ်ကိုတို့ရဲ့ မျိုးဆက်တွေက အစ်ကိုတို့ထက်ပိုပြီးတော်ရမယ်လေ”လို့ သိရပါတယ်။

သမီး ဖြစ်သူ မသက်ရတနာကျော်ဝင်းကတော့ အနုပညာကို ဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ်။ သို့သော် သူမဝါသနာပါတဲ့ အနုပညာက ထင်ပေါ်ကျော်ကြားချင်တာမျိုး မဟုတ်ဘူးလို့လည်း သိရပါတယ်။

“သမီးက ဒီဇိုင်းဘက်ကိုတော့ ပရော်ဖက်ရှင်နယ်လုပ်ဖြစ်မယ်။ ညီမအခုလည်း Architecture တက် နေတယ်။ အဲဒါလည်း အနုပညာရယ်၊ စိတ်ရယ်၊ ဒီဇိုင်းရယ် အဲဒီသုံးမျိုး ပေါင်းစပ်ထားတာပေါ့။ အဲဒါကြောင့် အဲဒီဘက်ကိုရွေးလိုက်တာပေါ့။ အနုပညာကို ဝါသနာပါတယ်။ ဒါပေမဲ့ လူသိရှင်ကြား ဖြစ်ရမယ့် အနုပညာလမ်းကို မသွားချင်ဘူး”လို့ သူမကပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ-မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here