ဗီဒီယိုဈေးကွက်ပျက်စီးနေချိန်မှာသရုပ်ဆောင်အသစ်တွေအနေနဲ့ ပိုမိုကြိုးစားဖို့ လိုအပ်ကြောင်း နေမျိုးအောင် ပြော

0
176

‘ဇာတ်ကားတစ်ကားမှာ ဘယ် လိုအခန်းကဏ္ဍကနေ ပါဝင်သရုပ် ဆောင်ရပါစေ၊ သဘာဝကျကျနဲ့ အပြင်မှာ တကယ်ဖြစ်နေတဲ့အတိုင်း သရုပ်ဆောင်နိုင်သူက နေမျိုးအောင် ပါ။ ဗီဒီယိုခေတ်တစ်ခေတ်မှာ နေမျိုး အောင်ရယ်လို့ ပရိသတ်ကို သိမ်းပိုက် နိုင်ခဲ့တာ သူ့ရဲ့အိုက်တင်တွေကြောင့် ဆိုရင် မှားမယ်မထင်ပါဘူး။ အခု ခေတ်ကတော့ ဗီဒီယိုခေတ် လည်း ပျက်သွားပြီ။ အကုန်လုံးက ရုပ်ရှင် တွေချည်းပဲ ရိုက်ကူးနေကြတဲ့ ခေတ်၊ ပြီးတော့ ရုပ်သံဇာတ်လမ်းတွဲတွေ ကလည်း နေရာယူလာကြတဲ့ ခေတ် ဆိုတော့ ဒီဘက်ခေတ် သရုပ်ဆောင် အသစ်တွေ အတွက်ဆိုရင် ဘာတွေ စိန်ခေါ်မှုရှိမလဲလို့ နေမျိုးအောင်ကို မေးကြည့်တော့ …

”တော်တော်လေးပြောင်းလဲသွားပါပြီ။ အစ်ကိုတို့က ဗီဒီယိုကနေ ပြီးတော့ အဓိက သရုပ်ဆောင်နေရာကို တက်လှမ်းရတာလေ။ အခု ဗီဒီယို ဈေးကွက်ကလည်း ပျက်စီးနေတဲ့ အချိန်မှာ နောက်ထပ်၊ နောက်ထပ် မင်းသားအသစ်လေးတွေ၊ တကယ့် အနုပညာ ပြောင်မြောက်တဲ့ အနု ပညာသမားတွေ ထပ်ပေါ်ထွန်းလာ ဖို့ဆိုတာတော့ အများကြီးကို ကြိုးစားဖို့လိုမယ်လို့ထင်တယ်။ အစ်ကိုတို့ တုန်းကတော့ ကြိုးစားတာကတော့ ကြိုးစားတာ ပဲ။ ဒါပေမဲ့ ဗီဒီယိုအနေ နဲ့က ကုန်ကျစရိတ်နည်းပေမယ့် ရုပ်ရှင်ဇာတ်ကားကြီးမှာ မင်းသားတစ်လက် ဖြစ်ဖို့ဆိုတာ ကုန်ကျစရိတ်တော့ကွာသွားပြီ။ အခု လက်ရှိကြိုးစားနေတဲ့ သရုပ်ဆောင်တွေ ပိုပြီးတော့ ကြိုးစားဖို့၊ ကျရာဇာတ်ရုပ်ပေါ်မှာ ကိုယ့်ရဲ့ရင်ထဲက ရှာဖွေထားတဲ့ အနု ပညာဝမ်းစာကို ပြည့်ပြည့်ဝဝနဲ့ထုတ်သုံးဖို့ အဲဒါတွေက အရေးကြီးမယ်လို့ ကျွန်တော်ထင်တယ်”လို့ ပြောပါတယ်။ ဒါရိုက်တာက ပေးတဲ့ကာရိုက်တာတိုင်းမှာ ပီပီပြင်ပြင် သရုပ် ဆောင်နိုင်တဲ့သူ့ရဲ့လှို့ဝှက်ချက်ကိုလည်းနေမျိုးအောင် က…

”အနုပညာသမားတစ်ယောက် အနေနဲ့ ဆေးစက်ကျရာ အရုပ်ထင်ရတာပေါ့။ လုံ့လဝီရိယနဲ့ ကြိုးစား အားထုတ်မှုတွေကတော့ အဆင်သင့် ပြင်ထားရတာပဲ။ ဘယ်လို ဇာတ်လမ်း မျိုးမဆို ကိုယ့်အတွက် ဇာတ်ကောင် နေရာတစ်ခု ပေးလာရင် အဲဒီဇာတ် ကောင် နေရာမှာ အကောင်းဆုံးဖြစ် အောင် ကြိုးစားနေဆဲပါ” လို့ ပြော ပါတယ်။ လက်ရှိမှာတော့ နေမျိုး အောင်က ဒါရိုက်တာစတီး(လ်)(ဒွေးမေတ္တာ) ရိုက်ကူးတဲ့ ‘မြင်းဖြူ ရှင်နှင့် မြင်းသည်တော် ဖိုးအေး’ ရုပ် ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ် ဆောင်နေပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here